ကမ္ဘာကျော် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်၏ ဦးလေးဖြစ်သူ တိုနီနဒါးလ်က သူသာ ဘာစီလိုနာ အသင်းဘုတ်အဖွဲ့တွင် ပါဝင်လာပါက မက်ဆီကို အသင်းတွင် ဆက်ရှိနေအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နဒါးလ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ္ဘာကျော် ပရိသတ်တစ်ဦးဖြစ်ပြီး အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်နှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်သော်လည်း တိုနီနဒါးလ်အပါအဝင် နဒါးလ်မိသားစုဝင်များသည် ဘာစီလိုနာအသင်းပရိသတ်များဖြစ်သည်။
တိုနီနဒါးလ်သည် ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်ကစားသမားဟောင်း မီဂွယ်လ်အန်ဟယ်နဒါးလ်၏ အစ်ကိုဖြစ်သလို၊ လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဖြစ်လာရန် ရေပန်းစားနေသည့် ဥက္ကဋ္ဌလောင်း ဗစ်တာဖောင့်နှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။
ဗစ်တာဖောင့်သာ ဘာစီလိုနာ အသင်းဥက္ကဋ္ဌရွေးကောက်ပွဲတွင် အနိုင်ရပါက တိုနီနဒါးလ်သည် ဘာစီလိုနာအသင်းဘုတ်အဖွဲ့တွင် ပါဝင်လာရန်သေချာနေသူဖြစ်သည်။
သူသည် နဒါးလ်၏ နည်းပြဖြစ်သလို၊ ကစားသမားဘဝတစ်လျှောက်လုံး ဦးဆောင်ကိုင်တွယ်လာခဲ့သူဖြစ်ပြီး မက်ဆီကိုလည်း ဘာစီလိုနာတွင် ဆက်နေရန် စည်းရုံးနိုင်လိမ့်မည်ဟု ဘာစီလိုနာ ပရိသတ်များက ယုံကြည်နေသည်။
တိုနီနဒါးလ်က "ကျွန်တော်တို့ အသင်းနဲ့အတူ မက်ဆီ ချန်ပီယံလိဂ် ဖလားကိုင်မြှောက်တာကို ကျွန်တော် ဆက်မြင်ချင်ပါသေးတယ်။ ကျွန်တော် ဘုတ်အဖွဲ့ဝင်ဖြစ်လာပါ့မလားဆိုတာ မသေချာသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာရင်တော့ ကျွန်တော် သေချာပေါက် ကြိုးစားသွားမှာပါ" ဟု ပြောကြားသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
