ကလေးငယ်များအတွက် ပရဟိတလုပ်ငန်းများဆောင်ရွက်နေခြင်းအပေါ် ရည်ရွယ်၍ လှောင်ပြောင်ခဲ့သည့် ဗြိတိန်မီဒီယာ Daily Mail ကို မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ပြစ်တင်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ဗြိတိန်တစ်ဝန်းမှ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ အခမဲ့ကျွေးမွေးသည့်အစီအစဉ်အတွက် အစိုးရထံ တောင်းဆိုမှုများပြုလုပ်ခဲ့သလို၊ ကိုယ်တိုင်ဦးဆောင်၍လည်း လှူဒါန်းမှုများ၊ ရန်ပုံငွေရှာဖွေပေးခြင်းများ ပြု လုပ်ခဲ့သဖြင့် MBE ဘွဲ့အပါအဝင် ဂုဏ်ပြုချီးကျူးမှုများစွာ ပိုင်ဆိုင်ခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလ (၁၅)ရက်တွင် Daily Mail သည် ''ဘယ်လိုရလဒ်မျိုးပါလိမ့်၊ လှုံ့ဆော်သူကြီးက ပေါင် (၂)သန်းကျော်သုံးပြီး ဇိမ်ခံအိမ်(၅)လုံး ဝယ်ထားပါလား''ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖော်ပြခဲ့သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရပ်ရှ်ဖို့ဒ်က စိတ်ပျက်ဒေါသထွက်ကာ Daily Mail ကို ပြစ်တင်ခဲ့ခြင်းဖြစ်သည်။
ရပ်ရှ်ဖို့ဒ်က '' ကျွန်တော့်အသက်က (၂၃)နှစ်ပဲရှိပါသေးတယ်။ ကျွန်တော့်ရဲ့ အနာဂတ်အတွက်သာမကဘဲ ကျွန်တော့်ရဲ့မိသားစုအတွက်ပါ ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးဝယ်နိုင်အောင် ၂၀၂၀ ခုနှစ်အစကတည်းက အိမ်အတွက် ငွေပိုစုမယ်ဆိုပြီး ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ လှုံ့ဆော်သူဆိုတဲ့အသုံးအနှုန်းမျိုးနဲ့ ဒီလိုသတင်းမျိုးတွေ မတင်စေချင်ဘူး'' ဟု Twitter တွင်ရေးသား၍ ဝေဖန်ခဲ့ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်၏ တိုက်တွန်းမှုကြောင့် ဗြိတိန်အစိုးရသည် ကလေးငယ်များကို အခမဲ့ကျွေးမွေးမည့်အစီအစဉ်အတွက် ပေါင်သန်း (၁၇၀)ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အတည်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
