ရာသီအပြီးသတ်နိုင်ရန်အတွက် ယူရိုသန်း (၅၀၀) နီးပါး လိုအပ်ဟု တီဘက်စ် ဆို
24htopnews | October 27, 2024 3:12 AM CST
လာလီဂါအဖွဲ့ချုပ်(LFP) ဥက္ကဋ္ဌ ဖြစ်သူ တီဘက်စ်က ယခုရာသီ စပိန်ထိပ်တန်းလိဂ်ပြိုင်ပွဲများ အပြီးသတ်နိုင်ရန်အတွက် ယူရိုသန်း (၅၀၀)လိုအပ်နေကြောင်း စပိန်အားကစားသတင်းစာ Marca သို့ ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် လာလီဂါထိပ်တန်းကလပ်အသင်းကြီးများအပါအဝင် ကလပ်အသင်းအများအပြားမှာ ဝင်ငွေများစွာထိခိုက်ခဲ့ပြီး ကစားသမားများအား လစာပေးချေရန် အခက်အခဲများရှိနေကြောင်း သိရသည်။
တီဘက်စ်က ''ကျွန်တော်တို့အတွက် အနည်းဆုံး ယူရိုသန်း (၅၀၀)နီးပါး လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကလပ်အသင်းတွေဟာ လစာငွေအပါအဝင်၊ ငွေကြေးလိုအပ်ချက်တွေကြောင့် သူတို့ရဲ့ကစားသမားတွေကို စာချုပ်ဖျက်သိမ်းမှု မလုပ်နိုင်ကြပါဘူး။ ကျွန်တော်တို့ လိဂ်ပြိုင်ပွဲတွေနဲ့ ဆက်စပ်နေတဲ့ အလုပ်အကိုင်ပေါင်းကလည်း (၁၈၀၀၀၀)လောက်ရှိပါတယ်''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
