နာပိုလီအသင်း၏ ရမှတ်လျှော့ပြစ်ဒဏ်အယူခံ အောင်မြင်ဖွယ်ရှိ
24htopnews | October 27, 2024 3:12 AM CST
ဂျူဗင်တပ်စ်အသင်းနှင့်ပွဲစဉ်ကို သတ်မှတ်ရက်တွင် မကစားသဖြင့် ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရခြင်းအပေါ် နာပိုလီအသင်းအယူခံဝင်ထားမှု အောင်မြင်ဖွယ်ရှိကြောင်း သိရသည်။
နာပိုလီအသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်တွင် ကစားရန်စီစဉ်ခဲ့သည့် ဂျူဗင်တပ်စ်နှင့်ပွဲစဉ်ကို တူရင်မြို့သို့ လာရောက်မကစားသဖြင့် (၀-၃)ဂိုးနှင့် အရှုံးပေးရန်နှင့် ရမှတ် (၁)မှတ်လျှော့ပြစ်ဒဏ်ကျခံရန် အီတလီလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်နှင့် အီတလီဘောလုံးအဖွဲ့ချုပ်တို့က ညွှန်ကြားခဲ့သည်။
အီတလီအိုလံပစ်ကော်မတီအယူခံကော်မတီ၏ ဥက္ကဋ္ဌ ဆန်နီနိုက နာပိုလီအသင်းသည် ရည်ရွယ်ချက်ရှိရှိ လာရောက်မကစားခြင်းမဟုတ်ပါက အယူခံအောင်မြင်ဖွယ်ရှိကြောင်း ဖွင့်ဟခဲ့သည်။
ဂျူဗင်တပ်စ်နှင့်ပွဲမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နေပယ်မြို့အာဏာပိုင်များက ခရီးသွား လာခွင့်ပိတ်ပင်သဖြင့် နာပိုလီက သွားမကစားခဲ့ခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
