ပြီးခဲ့သည့်ဖေဖော်ဝါရီလမှ လာမည့်ဒီဇင်ဘာလအတွင်း စီးရီးအေပြိုင်ပွဲ၏ အရှုံးငွေသည် ယူရို သန်း (၆၀၀)အထိရှိလာနိုင်ကြောင်း စီးရီးအေပြိုင် ပွဲဥက္ကဋ္ဌ ပေါ်လိုဒယ်လ်ပီနိုက ခန့်မှန်းခဲ့သည်။
ပေါ်လိုဒယ်လ်ပီနိုသည် Financial Times ၏ Global Boardroom အစီအစဉ်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပေါ်လိုဒယ်လ်ပီနိုက စီးရီးအေပြိုင်ပွဲပြန်လည်ကျင်းပနိုင်သည့်အချက်က ကြီးမားသော အောင်မြင်မှုအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။
လက်ရှိရာသီစီးရီးအေပြိုင်ပွဲတွင် ကွင်းအတွင်းသို့ ပရိသတ် (၁၀၀၀) ဝန်းကျင် ဝင်ရောက်ကြည့်ရှုခွင့် ပြုခဲ့သော်လည်း အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းနှင့် ရင်ဆိုင်ရပြီး ပိုးကူးစက်သူနှင့် သေဆုံးသူဦးရေ ပြန်လည်မြင့်တက်လာသဖြင့် ကွင်းအတွင်းပရိသတ် ဝင်ရောက်ကြည့်ရှုခွင့် ပြန်လည်ပိတ်ပင်ခဲ့ရသည်။
အဆိုပါအခြေအနေများကြောင့် စီးရီးအေပြိုင်ပွဲ၏ ဘဏ္ဍာရေးဟန်ချက်သည် ပိုမိုယိမ်းယိုင်ခဲ့ရပြီး စပွန်ဆာဝင်ငွေများလည်း ပြင်းထန်စွာလျော့ကျလာကြောင်း ပေါ်လိုဒယ်လ်ပီနိုက ပြောကြားခဲ့သည်။
ပေါ်လိုဒယ်လ်ပီနိုက ''အခြေအနေတွေက သိပ်ပြီးစိုးရိမ်စရာကောင်းပါတယ်။ လိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်တာကိုပဲ ကြီးမားတဲ့အောင်မြင်မှုအဖြစ် ကျွန်တော်တို့ မှတ်ယူရပါမယ်။ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း စီးရီးအေပြိုင်ပွဲရဲ့ အရှုံးငွေဟာ ယူရိုသန်း (၆၀၀)အထိ ရှိလာပါလိမ့်မယ်။ ကွင်းဝင်ကြေးတွေ၊ စပွန်ဆာကြေးတွေလည်း လျော့ကျလာပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
သို့သော် ပေါ်လိုဒယ်လ်ပီနိုက စီးရီးအေပြိုင်ပွဲကို ကမ္ဘာ့အဆင့် ပြိုင်ပွဲမျိုးဖြစ်လာရန် မဟာဗျူဟာများ ချမှတ်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
''ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ စီးရီးအေပြိုင်ပွဲရဲ့ စီးပွားရေးပုံစံကို အပြောင်းအလဲ ပြုလုပ်ဖို့ အခွင့်အရေးရလာပါတယ်။ ခေတ်မီတဲ့ စီးပွားရေးပုံစံမျိုးဟာ အကျပ်အတည်းကာလမှာ ပုံဖော်ဖို့ခက်တယ်ဆိုပေမဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆွေးနွေးနေပါတယ်။ ကပ်ဘေး မတိုင်မီတုန်းက သီးသန့်ထားရှိမဲ့ သာတူညီမျှ ရန်ပုံငွေအကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ စတင်နေပါပြီ။ စီးရီးအေပြိုင်ပွဲကို ရေရှည်တည်တံ့သွားအောင် စီမံခန့်ခွဲမှု၊ စီးပွားရေးအမြင် ကြွယ်ဝမှုတွေနဲ့ ရှေ့ဆက်သွားဖို့ ပစ်မှတ်ထားနေပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ အောင်မြင်မယ်လို့လည်း မျှော်လင့်ထားပါတယ်''ဟု ပေါ်လိုဒယ်လ်ပီနိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
