မန်ယူအသင်းသည် နယ်သာလန်ကလပ် အေဂျက်စ်အသင်း၏ နည်းစနစ်ဒါရိုက်တာ အိုဗားမားစ်နှင့် အထွေထွေ စီမံခန့်ခွဲမှုဒါရိုက်တာ ဗန်ဒါးဆားတို့အား ခေါ်ယူရန်ပစ်မှတ်ထားနေပြီး အေဂျက်စ်အသင်းတွင် ၎င်းတို့၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
မကြာသေးမီက အိုဗားမားစ် (၄၇ နှစ်)သည် မီဒီယာများနှင့်တွေ့ဆုံရာ၌ မိမိနှင့် ဗန်ဒါးဆား(၅၀ နှစ်)တို့လက်တွဲ၍ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုကြောင်း အရိပ် အမြွက်ပြောကြားခဲ့ရာ မန်ယူအသင်းတာဝန်ရှိသူများက အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။
အိုဗားမားစ်က ''ကျွန်တော် အေဂျက်စ်အသင်းမှာ ဒီရာထူးကို စတင်ရယူစဉ်အချိန်က အများဆုံး (၃)၊ (၄)နှစ်လောက်ပဲ တာဝန်ယူမယ်လို့တွေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီမှာ ကျွန်တော် (၈)ရာသီရှိသွားပါပြီ။ အက်ဒ်ဝင်(ဗန်ဒါးဆား)လိုပါပဲ။ သေချာတာကတော့ ကျွန်တော်တို့နှစ်ဦး ဒီအသင်းမှာ အသက်(၆၀)အထိ ရှိနေမှာမဟုတ်ပါဘူး။ အေဂျက်စ်မှာ ဒီတာဝန်ကို ထမ်းဆောင်ရတာ အလွန်အားအင်သုံးစွဲရပါတယ်။ နယ်သာလန်နိုင်ငံတစ်ခုလုံးကို ကျွန်တော့်ကျောပေါ်မှာ အဆက်မပြတ် ထမ်းပိုးထားရသလိုပါပဲ။ ဒါက ကျွန်တော်တို့ နှစ်ဦးနဲ့ပတ်သက်တဲ့ အမြင်တစ်ခုပဲဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။
ယင်းစကားအရ အိုဗားမားစ်အနေဖြင့် ဗန်ဒါးဆားနှင့်လက်တွဲ၍ အခြားကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြပြီး မန်ယူအသင်းက ၎င်းတို့ (၂)ဦးကို ခေါ်ယူလိုနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အသင်း၏ ကစားသမားအပြောင်းအရွှေ့ဌာနကို ကြီးမားသည့်အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေပြီး အေဂျက်စ်အသင်းတွင် အရည်အသွေးရှိလူငယ်ကစားသမားများစွာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သူ အိုဗားမားစ်အား မန်ယူအသင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်သူတစ်ဦးအဖြစ် မန်ယူအသင်းထိပ်တန်းတာဝန်ရှိသူများက ယူဆလျက်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ကစားသမားသစ်ခေါ်ယူမှုများတွင် အဆင်မပြေမှုများရှိခဲ့ခြင်းကြောင့် မန်ယူအသင်း၏ အပြောင်းအရွှေ့လှုပ်ရှားမှုများနှင့် အကျိုးမရှိသည့် ကစားသမားသစ်ခေါ်ယူမှုများအပေါ် ဝေဖန်မှုများရှိခဲ့သည်။
သို့ဖြစ်ရာ မန်ယူအသင်းသည် အပြောင်းအရွှေ့ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အားကစားဒါရိုက်တာတစ်ဦးခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးပြီး အသင်း၏ ဂိုးသမားဟောင်း ဗန်ဒါးဆားကို ခေါ်ယူကာ အားကစားဒါရိုက်တာအဖြစ်ခန့်အပ်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။
လက်ရှိအချိန်တွင် ဗန်ဒါးဆားမှာ အေဂျက်စ်အသင်းတွင် မန်ယူအသင်း၏ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်၏အနေအထားမျိုး ဆောင်ရွက်လျက်ရှိနေသူဖြစ်သည်။
အက်ဒ်ဝုဒ်ဝက်ဒ်မှာ မန်ယူအသင်း၏ လတ်တလောကျဆင်းမှုများနှင့် ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များအတွက် ဖိအားများရှိနေသူဖြစ်ပြီး သူ၏ရာထူးအတွက်လည်း စိုးရိမ်စရာရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
