ချန်ပီယံလိဂ်ပွဲစဉ်များကို တာဝန်ယူနေသော ဒိုင်လူကြီးတစ်ဦးဖြစ်သူ ဖီးလစ်ဇွာယာ(၃၉ နှစ်)က ဘောလုံးပွဲများတွင် ကွင်းဘေးစည်းရှိ ရုပ်သံမော်နီတာကိုကြည့်ရှုရန် VAR ဒိုင်များထံမှ ညွှန်ကြားချက်ရောက်ရှိလာခဲ့လျှင် မိမိတို့အနေဖြင့် မူလဆုံးဖြတ်ချက်များကို ပြင်ဆင်ရတော့မည်ဟု သိနားလည်ထားကြောင်း ဝန်ခံပြော ကြားခဲ့သည်။
ဂျာမန်လူမျိုးဒိုင်လူကြီးတစ်ဦး ဖြစ်သူ ဖီးလစ်ဇွာယာက UEFA မှတ်တမ်းဗီဒီယိုဖြစ်သည့် Man in the Middle စီးရီးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''သူတို့ (VAR ဒိုင်လူကြီးများ)က ကျွန်တော့်ကို ကွင်းထဲမှာရှိတဲ့ မော်နီတာကို ပြန်ပြီးကြည့်ရှုသုံးသပ်ဖို့ စေခိုင်းလာခဲ့ရင် ကျွန်တော် အလိုလို သိနားလည်လိုက်ပါပြီ။ ကျွန်တော့်အနေနဲ့ ပေးထားတဲ့ဂိုးကို ပြန်ပြီးပယ်ဖျက်ရတော့မယ်ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ခိုင်မာတဲ့အထောက်အထား ရရှိထားပြီးဖြစ်နေလို့ပါ။ ကျွန်တော် VAR အဖွဲ့နဲ့ အလုပ်လုပ်လာတာ အချိန်ကြာမြင့်ခဲ့ပါပြီ။ သူတို့မှာ အထောက်အထားအခိုင်အမာရှိပြီး ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက်ကိုပြင်ဆင်ဖို့ လိုအပ်လာတဲ့အချိန်မျိုးမှာ သူတို့က ကျွန်တော့်ကို မော်နီတာကိုပြန်ကြည့်ဖို့ စေခိုင်းလေ့ရှိပါတယ်။ သူတို့က ပွဲအပေါ်မှာလိုက်ပြီး ဆုံးဖြတ်ချက်ချနေတယ်လို့ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ မော်နီတာရှေ့ကို ကျွန်တော် သွားရပြီဆိုရင် ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ရတော့မယ်ဆိုတာ သိနေရတာမျိုးပါ''ဟု ဇွာယာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
