နိုင်ငံတကာပွဲများကစားခြင်းမှ ပြန်လာသော ပရီးမီးယားလိဂ်ကစားသမားများကို လေဆိပ်သို့ရောက်ရောက်ချင်း ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် နိုင်ငံတကာပွဲများမှ ပြန်လာသောကစားသမားများကို ကလပ်အသင်းတွင် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုသည့်ပုံစံအား ပြောင်းလဲခဲ့သည်။
ပြောင်းလဲလိုက်သော ပုံစံသစ်အရ ကစားသမားများအနေဖြင့် ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိကြောင်း (Negative ဖြစ်ကြောင်း) တွေ့ရှိရမှသာ ကလပ်အသင်းတွင် လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရရှိမည်ဖြစ်သည်။
ယခင်ကမူ နိုင်ငံတကာပွဲများကစားခြင်းမှ ပြန်လည်ရောက်ရှိလာပါက ကလပ်အသင်းတွင် လေ့ကျင့်ခန်း ချက်ချင်းပြုလုပ်နိုင်မည်ဖြစ်သော်လည်း ယခုပိုမိုစိတ်ချရစေရန် ပုံစံပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြောင်းလဲခဲ့ခြင်းအတွက် ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုအပါအဝင် နည်းပြအချို့က ကစားသမားများ လေ့ကျင့်ချိန်လျော့နည်းနိုင်သဖြင့် ဝေဖန်ခဲ့ကြသည်။
သို့ဖြစ်ရာ ကစားသမားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ အမြန်ဆုံးသိရှိနိုင်ရန် ပရီးမီးယားလိဂ်နှင့် စာချုပ်ထားသော ပိုးစစ်ဆေးသည့်ကုမ္ပဏီ Prenetics သည် လေဆိပ်တွင် ကစားသမားများ လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း ဆေးစစ်ဆေးသွားမည်ဖြစ်ပြီး ပိုးရှိ၊ မရှိအဖြေကိ ု(၂၄)နာရီအတွင်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
