လီဗာပူးလ်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ထံမှ နစ်နာကြေး ပေါင်(၂)သန်းခန့် ရရှိမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲကစားရန် ပြင်ဆင်နေစဉ် ဒဏ်ရာရရှိသွားသည့် လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်အတွက် ဖီဖာက လီဗာပူးလ်အသင်းထံ နစ်နာကြေးပေးသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၂)ရက်နေ့က ကစားခဲ့သော နိုင်ငံတကာခြေစမ်းပွဲစဉ် အင်္ဂလန်(၃-၀)အိုင်ယာလန် ပွဲအတွက် လေ့ကျင့်ရေးပြုလုပ်နေစဉ် ဂျိုးဂိုးမက်ဇ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်သည်။
သူ၏ဒဏ်ရာအနေအထားမှာ ပြင်းထန်သဖြင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပြီး လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်စေခဲ့သည်။
လက်ရှိတွင် လီဗာပူးလ်အသင်း၌ အဓိကနောက်ခံလူတစ်ဦးဖြစ်သူ ဗန်ဒိုက်မှာ ဒူးဒဏ်ကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပြီး၊ ညာနောက်ခံကစားသမား အာနိုးလ်မှာလည်း ခြေသလုံးဒဏ်ရာပြဿနာကြောင့် အနားယူနေရသည်။
သို့ဖြစ်ရာ အဓိကနောက်ခံလူတစ်ဦးဖြစ်သူ ဂျိုးဂိုးမက်ဇ် ဒဏ်ရာအပြင်းအထန်ရရှိခြင်းမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်အတွက် ခံစစ်အခက်အခဲကို ဖြစ်ပေါ်စေပြီး နောက်တန်းအတွက် ပိုမိုစိုးရိမ်စရာဖြစ်စေခဲ့သည်။
အင်္ဂလန်ကစားသမားများအနေဖြင့် ဖီဖာနှင့် FAတို့ သဘောတူညီမှုရယူထားသည့် FIFA Club Protection Programme အစီအစဉ်အရ နိုင်ငံတကာ(A အဆင့်)ပြိုင်ပွဲများ၊ ခြေစမ်းပွဲများနှင့် လေ့ကျင့်ရေးအစီအစဉ်များတွင် ဒဏ်ရာရရှိပါက ၎င်းတို့၏ကလပ်အသင်းများမှာ အာမခံအစီအစဉ်များကို ခံစားခွင့်ရရှိမည်ဖြစ်သည်။
ဖီဖာတာဝန်ရှိသူများသည် ဂျိုးဂိုးမက်ဇ် ဒဏ်ရာကြောင့်အနားယူနေရသည့်ကာလကို သူ၏လစာငွေအပေါ်အခြေခံကာ တွက်ချက်၍ နစ်နာကြေး ပေးချေသွားမည်ဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် နစ်နာကြေး ပေါင်(၂)သန်းခန့် ရရှိနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဂျိုးဂိုးမက်ဇ်သည် လီဗာပူးလ်အသင်းတွင် တစ်ပတ်လစာ ပေါင်(၈)သောင်းခန့်ရရှိနေသူဖြစ်ပြီး ရာသီကုန်အထိ အနားယူရမည်ဆိုပါက သူအနားယူရမည့်ကာလမှာ (၇)လ ခန့်ကြာမြင့်မည်ဖြစ်သည်။
ဖီဖာ၏နစ်နာကြေးပေးချေမှုအစီအစဉ်၌ ဒဏ်ရာရပြီး ပထမ(၂၈)ရက်ကို ထည့်သွင်းတွက်ချက်ခြင်းမပြုရာ ဂျိုးဂိုးမက်ဇ်၏ နစ်နာကြေးမှာ ပေါင်(၂) သန်းခန့်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဖီဖာသည် ကစားသမားများ၏လစာငွေနှင့် အနားယူရမည့်ကာလအပေါ် အခြေခံ၍ နစ်နာကြေးပေးချေနေခြင်းဖြစ်သော်လည်း အမြင့်ဆုံးနေ့အလိုက်နစ်နာကြေးနှုန်းထား (Maximum Pro Rate Daily Rate) ကို (၁၈၄၃၀)ပေါင်သာ သတ်မှတ်ထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
