တစ်ဦးချင်းကုန်သွယ်မှု (ITC) ကတ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ကုန်သွယ်မှုပမာဏ ကျပ် ၁၄၁၂၇ သန်းကျော် ကုန်သွယ်မှုပြုလုပ်ထားပြီး သွင်းကုန် တင်သွင်းမှုတန်ဖိုး ကျပ် ၁၂၇၂၄ သန်းကျော်အထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ တစ်ဦးချင်းကုန်သွယ်မှု (ITC) ကတ်ဖြင့် ကုန်သွယ်မှု သွင်းကုန်တန်ဖိုး ကျပ် ၁၂,၇၂၄,၇၂၇,၄၅၇ အထိရှိပြီး ပို့ကုန် ကျပ် ၁,၄၀၂,၃၁၆,၄၀၆ တန်ဖိုးရှိကာ ကုန်သွယ်မှုပမာဏ ကျပ် ၁၄,၁၂၇,၀၄၃,၈၆၃ အထိ ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်သည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် အမှတ် (ပသက) နှင့် တစ်ဦးချင်းကုန်သွယ်မှုကတ် (ITC) အမှတ်များအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်မှစတင်၍ လက်ရှိအသုံးပြုနေသည့် Digit ငါးလုံးနေရာတွင် Digit ကိုးလုံးဖြင့် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ် (ပသက) နှင့် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) အမှတ်များအား သတ်မှတ်ချိန်မတိုင်မီ အပြီးလာရောက် ပြောင်းလဲရန် လုပ်ငန်းရှင်များထံ အသိပေးချက် ထုတ်ပြန်ထားသည်။
ကုန်သွယ်မှုလုပ်ငန်းများတွင် Single Registration/ Single ID ဖြစ်စေရန် ကုန်သွယ်မှု ဆက်စပ်ဌာနများဖြစ်သည့် ကုန်သွယ်ရေး၊ အကောက်ခွန်၊ DICA ၊ ပြည်တွင်းအခွန်၊ CSO ဌာနများအားလုံးတွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် Taxpayer Identification Numbers (TIN) ကို တူညီစွာအသုံးပြုနိုင်ရေး လာမည့်ဇန်နဝါရီ ၅ ရက်တွင် စတင်ပြောင်းလဲကျင့်သုံးမည် ဖြစ်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ (ပသက) အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှ စတင် ပြောင်းလဲဆောင်ရွက်ပေးလျက် ရှိသည်။ ပြောင်းရန်ကျန်ရှိသည့် ကုမ္ပဏီများ သတ်မှတ်ချိန်အတွင်း အပြီးလာရောက်ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
ကျန်အစိုးရအဖွဲ့အစည်းများအသင်း အဖွဲ့များ၊ သမဝါယမလီမိတက်များ၊ သံရုံးများအပါအဝင် ကျန်ရှိသည့်အဖွဲ့အစည်းများ၊ ကုန်သည်/ဦးစီး နေပြည်တော်/ ရန်ကုန်ရုံးများတွင် အချိန်မီလာရောက် ပြောင်းလဲရန်လိုအပ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ထုတ်ပေးထားသည့် ITC ကတ် ကိုင်ဆောင်သူများအနေဖြင့် မိမိတို့ထုတ်ယူထားသည့် သက်ဆိုင်ရာကုန်သွယ်ရေး စခန်းများတွင် အချိန်မီသွားရောက် ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ကြမည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် တစ်ဦးချင်းကုန်သွယ်မှု ဆောင်ရွက်နေသူများ (ITC) ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် သတ်မှတ်ရက်မတိုင်မီ လက်ရှိအသုံးပြုနေသည့် ပို့ကုန်သွင်းကုန်မှတ်ပုံတင် အမှတ်များအစား ပြောငး်လဲအသုံးပြုမည့် TIN နံပါတ်များအား ကုန်သွယ်ရေး ဦးစီးဌာနသို့ လာရောက်ပြောင်းလဲကြရမည် ဖြစ်သည်။
ယင်းသို့ ပြောင်းလဲနိုင်ရန်အတွက် ကုန်သွယ်ရေး ဦးစီးဌာနရုံးချုပ် (နေပြည်တော်) နှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့တွင် လာရောက်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ITC ကတ် ကိုင်ဆောင်ထားသူများ အနေဖြင့် ကတ်ထုတ်ယူထားရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သတ်မှတ်ချိန်အမီ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၅ ရက် နောက်ပိုင်းမှစတင်၍ ပြောင်းလဲခြင်း မရှိသေးသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များနှင့် ITC ကတ်များအတွက် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်း MACCS စနစ်တွင် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
