ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ အသိပေးရှင်းလင်းပွဲများအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်က ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
YUMRT စီမံကိန်းနှင့် ပတ်သက်ပြီး တည်ဆောက်ရေးစီမံကိန်း အစီအစဉ်များအား ပြည်သူလူထုသို့ ဒုတိယအကြိမ် အသိပေးရှင်းလင်းတင်ပြခြင်းကို ဇန်နဝါရီ ၁၄ ရက်က လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်သူလူထုကို ပထမအကြိမ် အသိပေးမှုတွေကို ၂၀၁၉ ခုနှစ်က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး အခု ဒုတိယအကြိမ်အနေနဲ့ အသိပေးပြောကြားတာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) အား လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်တည်ဆောက်ရန် လျာထားကြောင်း မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၏ ပြောကြားချက်အရ သိရသည်။
ပထမဦးစားပေးအပိုင်းအဖြစ် ဆောင်ရွက်မည့် ရန်ကုန်လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) နှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးရှင်းလင်းခြင်းအား ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်လများတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ဂျပန်နိုင်ငံမှ ဖြစ်နိုင်ခြေ ရှိ မရှိ လေ့လာမှုပြုလုပ်နေသည့် ရန်ကုန်လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း Yangon Urban Mass Rapid Transit (YUMRT) အား ဦးစားပေးအပိုင်းအဖြစ် ရန်ကုန်မြို့၏ အရှေ့နှင့် အနောက် ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သည့် လှိုင်သာယာမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း JICA Myanmar office မှ သတင်းရရှိသည်။
ရန်ကုန်မြို့နေ ပြည်သူများ၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို လက်ရှိ မြင့်မားသည့် ပမာဏအတိုင်းဆက်လက် ဖြည့်ဆည်းရန်မှာ အရည်အသွေးမြင့်သော မြို့ပြမီးရထား၊ ပိုမိုကောင်းမွန်သော ဘတ်စ်ကားစနစ်နှင့် အခြားသွားလာရေး ဝန်ဆောင်မှုများကို အသုံးပြုရန် လိုအပ်လာကြောင်း သိရသည်။
သို့ဖြစ်၍ ဂျပန်နိုင်ငံ JICA မှ ရန်ကုန် လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း Yangon Urban Mass Rapid Transit (YUMRT) အား ဖြစ်နိုင်ခြေ ရှိ မရှိ လေ့လာမှုအား ၂၀၁၈ ခုနှစ် မေလမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ YUMRT စီမံကိန်းအား ရန်ကုန်မြို့ အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက် ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းများ ပါဝင်သည့် စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိတွင် လေ့လာမှုပြုလုပ်နေသည့် ဦးစားပေးအပိုင်းအဖြစ် ရန်ကုန်မြို့၏ အရှေ့နှင့် အနောက် ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သည့် လှိုင်သာယာမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာအား စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့် ရထားစနစ်အတွက် ကနဦးလေ့လာမှုကို ၂၀၁၈ မေလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပြုလုပ်နေသည့် အသေးစိတ်လေ့လာမှုသည် ယခုနှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
