စာသင်ကာလတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖဲကြိုးစိမ်းလှုပ်ရှားမှုအပါအဝင် အခြားသောလှုပ်ရှားမှုများကို အရှိန်မြှင့်မည်ဖြစ်ကြောင်း လှုပ်ရှားမှုများ ပြုလုပ်နေသည့် ပညာရေးအဖွဲ့များထံမှ သိရသည်။
စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် လှုပ်ရှားမှုအနေဖြင့် လတ်တလောတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်နေပြီး ဆက်လက်ဆောင်ရွက်မည့် လှုပ်ရှားမှုများမှာ ပြည်သူလူထုထံမှ သဘောထားလက်မှတ် ကောက်ခံခြင်းများကို ဆောင်ရွက်မည် ဖြစ်သည်။
“ ကျွန်တော်တို့ရဲ့အသံတွေကိုသာ သူတို့က ဂရုမစိုက်တာ။ သူတို့ရဲ့အသံတွေကိုတော့ ကျွန်တော်တို့ ဂရုစိုက်တယ်။ ခွဲပြီးတော့ ကန့်ကွက်နေတာထက် ဒီသဘောထားတွေ အားလုံးက မတ်လကုန်အထိ စာမေးပွဲတိုးမြှင့် ကျင်းပခြင်းကို ကန့်ကွက်နေတာ အားလုံးဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့။ ဆရာတွေရော ကျောင်းသားတွေရောအပြင် နောက်ပိုင်းမိဘတွေရော ပါနေတယ်။အဲဒါတွေကို ကျွန်တော်တို့ အချက်အလက်နဲ့ ပြောမှာပေါ့။ အဲဒါကြောင့်ပူးပေါင်းပြီးတော့ ကန့်ကွက်နေပြီဆိုတဲ့အကြောင်း ရှင်းပြတာပါ။ လူထုအခြေပြုလှုပ်ရှားမယ်။ မိဘတွေဆီ ကိုယ်တိုင်သွားကြည့်မယ်။ နယ်ကကျောင်းတွေပါ ဆင်းမေးမယ်” ဟု ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုနောင်ထက်အောင်က ပြောကြားသည်။
လှုပ်ရှားမှုကို ၁၀ ရက်တာ ပြုလုပ်မည်ဖြစ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင် ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြု ကော်မတီတို့ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
စာသင်ကာလတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး မရရသည့်နည်းလမ်းဖြင့် ကန့်ကွက်မည်ဖြစ်ပြီး ယင်း ၁၀ ရက်တာ လှုပ်ရှားမှုပြီးပါက ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များကို ထပ်မံပြောကြားမည်ဖြစ်ကြောင်းကို နောင်ထက်အောင်က ပြောကြားသည်။
“ အကုန်လုံးက ကန့်ကွက်နေကြတာပါ။ ရုံးချုပ်မှာရှိတဲ့သူတွေပဲ အချင်းချင်းထောက်ခံနေကြတာပါ။ လှုပ်ရှားမှု ၁ဝရက်ပြည့်တာနဲ့ ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတာကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ပါမယ်။ မရရတဲ့နည်းလမ်းနဲ့ ကန့်ကွက်တဲ့ကိစ္စကို ကျွန်တော်တို့ လုပ်ဆောင်ပါမယ်” ဟု ကိုနောင်ထက်အောင်က ဆက်လက်ပြောကြားသည်။
ယင်းသို့ ပြည်သူလူထုထံမှ သဘောထားကောက်ခံခြင်းများကို ပြုလုပ်နေသည့် ကာလအတွင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားမည်မဟုတ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း သိရသည်။
စာသင်ကာလတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ကျောင်းသားမိဘများထံသို့ သွားရောက်ကာ သဘောထားများရယူခြင်း၊ လူစည်ကားရာနေရာများတွင် ပြည်သူလူထုထံမှ စာသင်ကာလတိုးမြှင့်ခြင်းနှင့် ပတ်သက်သည့် သဘောထားများမေးမြန်းခြင်း၊ ပြည်သူလူထု အထင်မှားနေသည့်ကိစ္စများကို ရှင်းလင်းခြင်း၊ ကန့်ကွက်သည့် လက်မှတ်များကို သက်ဆိုင်ရာဇုံအလိုက် ဆရာ ဆရာမများထံမှ ကောက်ယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ဇန်နဝါရီ ၇ ရက်တွင် မကွေးပညာရေးကောလိပ်၌ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် လှည်းကူးပညာရေးကောလိပ်များတွင် ဆက်လက်ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် တောင်ငူပညာရေးကောလိပ်၊ ပခုက္ကူပညာရေးကောလိပ်များတွင်လည်းကောင်း ပြုလုပ်ခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် ပုသိမ်နှင့် မန္တလေးပညာရေးတက္ကသိုလ်များတွင် သာမက ခရမ်းမြို့နယ် အခြေခံပညာကျောင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် ကဝမြို့နယ် အခြေခံပညာကျောင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် မုံရွာပညာရေးကောလိပ်၊ ရန်ကင်းပညာရေးကောလိပ်၊ ထားဝယ်ပညာရေးကောလိပ်၊ မော်လမြိုင် ပညာရေးကောလိပ်များတွင်လည်းကောင်း ပြုလုပ်ခဲ့သည်။
ယင်းသို့ ပြုလုပ်ရာတွင် ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများက စာသင်ကာလတိုးမြှင့်သည့်အပေါ် အခက်အခဲများရှိနိုင်သည့်ဆိုသည့် သဘောထားများ ပြသခဲ့ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောကြားသည်။
စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်လိုပါက Green Ribbon Campaign ၊ အခြေခံပညာပညာရေး လုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီ၊ Repersentative Committee of University Teacher’’ Assoication စသည့် Facebook Page များ၏ Messenger များသို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ဇန်နဝါရီ ၂၄ ရက်အထိ ၁၀ ရက်တာကာလအတွင်း အမည်၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင် စသည့် ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်ပေးပို့နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
