၆၈ ကြိမ်မြောက် ကယားပြည်နယ်နေ့မုခ်ဦးဖွင့်ပွဲနှင့် လူထုအခမ်းအနားကို လွိုင်ကော်မြို့ ကယားဒေးကွင်းတွင် ဇန်နဝါရီ ၁၅ ရက်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့သည် ။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ ပြည်နယ်ကို အထူးတိုးတက်စေချင်ပါက အစိုးရလုပ်ပါ၊ အခြားသူများလုပ်ပါဟု အားမကိုးရန်နှင့် ကိုယ်ကိုယ်တိုင် လုပ်ကြရန် တိုက်တွန်း ပြောကြားခဲ့သည် ။
'' အပစ်အခတ်ရပ်စဲတဲ့အချိန်နဲ့ အပစ်အခတ်မရပ်ဆိုင်း သေး တဲ့အချိန်ကြားမှာဘယ်လိုကွာခြားမှုတွေရှိလည် း ဆိုတာ ပြည်နယ်သူပြည်နယ်သားများဟာ သေသေချာချာသိကြပါတယ် ။ ဒါကြောင့် ကျွန်မတို့ဟာ အပစ်အခတ်ရပ်စဲဖို့လိုတယ်။ ငြိမ်းချမ်းဖို့လိုတယ်။ ငြိမ်းချမ်းမှတိုးတက်မယ် ။ တိုးတက်ရေးတိုးတက်မှုကို ကျွန်မတို့ဆက်ပြီးတော့ ဘယ်လိုထိန်းသိမ်းထားမလည်းဆိုတာစဉ်းစားဖို့ပါ။ သမ္မတကြီးရဲ့သဝဏ်လွှာမှာလည်း လွိုင်ကော်ဟာ ခရီးသွားအသန့်ရှင်းဆုံး နိုင်ငံတစ်ခုအဖြစ်နဲ ့ကြားပြီးပြီဖြစ်ပါတယ် ။ ဒီလိုဖြစ်အောင်လို့လုပ်နိုင်တာဟာ အားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုကြောင့်ပဲ ။ ကျွန်မတို့ပြည်ထောင်စု အစိုးရလည်းပါတယ် ။ ပြည်နယ်အစိုးရလည်းပါတယ် ။ အထူးသဖြင့် ပြည်နယ်သူပြည်နယ်သားများလည်းပါတယ် ။ ကိုယ့်ပြည်နယ်ကို အထူးတိုးတက်စေချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်လုပ်ရမယ် ။အစိုးရလုပ်ပါဆိုပြီးတော့လည်း အားမကိုးပါနဲ့ ။ တခြားသူတွေလုပ်ပါဆိုပြီးတော့လည်း အားမကိုးပါနဲ့ ။ ကိုယ်ကိုယ်တိုင်လုပ်ကြပါ”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည် ။
ကယားပြည်နယ်နေ့ခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခြင်း ၊မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းအား သီဆိုတင်ဆက်ခြင်း၊ ကယားရိုးရာအကဖြင့် အခမ်းအနားအားပိတ်သိမ်းသည့် အစီအစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဧည့်သည်တော်များ ပါဝင်ကပြကြခြင်းစသည်တို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ကယားပြည်နယ် ဒီးမောဆိုးမြို့နယ် ငံရိုးသာသနာပြု ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်မည့် ပြည်တော်သာငြိမ်းချမ်းရေးစေတီတော်မြတ်ရတနာအုတ်မြစ်တော်ချ မဟာမင်္ဂလာ အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရတနာအုတ်မြစ်တော်အား အုတ်မြစ်ချ၍ ဆရာတော်သံဃာအရှင်သူမြတ်တို့အား လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဧည့်ရိပ်သာတွင် ကရင်နီလူငယ်အင်အားစုများ အပြင် တိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများစသည်တို့ကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လည်းသိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
