ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယခုလ ဇန်နဝါရီလ ၁၅ ရက်တာအတွင်း၌ လေးရက်ဆက်တိုက် စံချိန်တင်၍ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းမရှိပဲ လူများအား ထိခိုက်ဒဏ်ရာရရှိမှု ကင်းရှင်းခဲ့ခြင်းကြောင့် အဆိုပါရက်များကိုမင်္ဂလာရှိသော နေ့ရက်များအဖြစ် သတ်မှတ်ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက် နံနက် ၆ နာရီမှစ၍ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီထိ အမြန်လမ်းမကြီးတွင် ခရီး သွားလာနေကြသည့် ခရီးသွား ပြည်သူများမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာ ရရှိမှု ကင်းစင်ရက် ၄ ရက်ဖြစ်သဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ မင်္ဂလာရှိသော နေ့ရက်များအဖြစ် မှတ်တမ်းတင် ဖော်ပြကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇာနည်မောင်က “ကျွန်တော်တို့ အရင် ရှေ့ လေးငါးခြောက်လ လောက်စပြီးတော့မှ ဒီလိုယာဉ်မတော်တဆမှု မဖြစ်တဲ့ရက်တွေကို ဒါလေးတွေကိုလေ့လာတာပေါ့၊
လေ့လာကြည့်တဲ့အခါမှာ တစ်ချို့အဲ့ဒီလတွေမှာဆိုရင် ယာဉ်မတော်တဆမှု ထူးထူးခြားခြားပေါ့ တစ်ရက်ခြားတွေ၊ တစ်ခါတစ်လေ ၁၃ ရက်နေ့မှာ လုံးဝ မဖြစ်တာတွေရှိသလို တစ်ခါတစ်လေ ၁၆ ရက်နေ့မှာဖြစ်တာမျိုးပေါ့၊ အဲ့လိုမျိုးကြိုကြား ကြိုကြားလေးတွေပဲ ယာဉ်မတော်တဆမှု မဖြစ်တဲ့
ရက်ကလေးတွေရှိတယ်ဗျ၊ အဲ့ဒါလည်း နှစ်ရက်၊ သုံးရက် အဲ့လောက်ပဲ၊ အခုလိုမျိုး ဒီလမှာဆိုရင် လေးရက်ဆက်တိုက် ယာဉ်မတော်တဆမှု မဖြစ်တာကတော့ ထူးထူးခြားခြား စံချိန်တင်ထားတဲ့သဘောပေါ့၊ အဲ့ဒါလေးကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး Pageမှာ ဒါလေးကို ထုတ်ပြန်လိုက်တာပါ”
ဟု ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သော ၂၀၁၆ ခုနှစ် ၁၂ လတာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ်ဖြစ်ပွား၍သေဆုံးသူ ၁၇၀ ဦးနှင့်ထိခိုက်ဒဏ်ရာရရှိ သူ ၁၃၀၄ ဦးရှိခဲ့ရာ တစ်လပျမ်းမျှယဉ်မတော်တဆမှုနှုန်း ၆၂ ကြိမ်၊ တစ်လပျမ်းမျှလူသေဆုံးမှု ၁၄ ဦးနှင့်
တစ်လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၈ ဦးအထိလည်းကောင်း၊ ၂၀၁၇ ခုနှစ် ၁၂ လတာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြိမ်ဖြစ်ပွား၍သေဆုံးသူ ၁၁၆ ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၈၆၃ ဦးရှိခဲ့ရာ တစ်လပျမ်းမျှယာဉ်မတော်တဆမှုနှုန်း ၄၆ ကြိမ်၊ တစ်လပျှမ်းမျှ လူသေဆုံးမှု ၁၀ ဦးခန့်နှင့်တစ်လပျမ်းမျှထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးအထိလည်းကောင်း၊ ၂၀၁၈ ခုနှစ် ၁၂ လတာကာလအတွင်း၌ ယာဉ်မတော်တမှုပေါင်း ၄၇၄ ကြိမ်ဖြစ်ပွား၍
သေဆုံးသူ ၁၀၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈၄ ဦးရှိခဲ့ရာ တစ်လပျမ်းမျှယာဉ်မတော်တဆမှု ၃၉ ကြိမ်၊ တစ်လပျမ်းမျှ သေဆုံးသူ ၉ ဦးခန့်နှင့်တစ်လပျမ်းမျှထိခိုက်ဒဏ်ရာရရှိသူ ၇၃ ဦးအထိလည်းကောင်း၊ ၂၀၁၉ ခုနှစ် ၁၂ လတာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီးသေဆုံးသူ ၁၀၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၁၉ ဦး ရှိခဲ့ရာ တစ်လပျမ်းမျှ ယာဉ်မတော်တဆမှု ၄၃ ကြိမ်၊ တစ်လပျမ်းမျှသေဆုံးသူ ၉ ဦးနှင့် တစ်လပျမ်းမျှထိခိုက်ဒဏ်ရာရရှိသူ ၈၄ ဦးအထိလည်းကောင်း ရှိခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
အဆိုပါ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်တာအတွင်း လစဉ် ပျမ်းမျှယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်းများအရ ကြည့်ပါက အမြန်လမ်းမကြီးပေါ်တွင် နေ့စဉ်နီးပါး ယာဉ်မတော်တဆမှုဖြစ်ပွားခြေရှိကြောင်း မှတ်တမ်းများအရ သိရသည်။
ယခု ၂၀၂၀ ပြည့်နှစ် ပထမလ ဇန်နဝါလအတွင်း၌မူ လတစ်ဝက် ၁၅ ရက်တာ ကာလအတွင်း ဇန်နဝါရီ ၁၀ ရက်နေ့မှ ဇန်နဝါရီ ၁၄ ရက်နေ့အထိ လေးရက်တာ ကာလမှာ စံချိန်တင် ယာဉ်မတော်တဆမှု ကင်းရှင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိခဲ့သောကြောင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှု ကင်းစင်ရက် ၄ ရက်ကို မင်္ဂလာရှိသော နေ့ရက်များအဖြစ် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက် နေ့စဉ်နှင့်အမျှ သွားလာလျက်ရှိသည့် ခရီးသွားယာဉ်များမှာ၊ လမ်း၏ အမြန်လမ်းမကြီးတစ်ခု၏ အရည်အသွေးနှင့် သတ်မှတ်စံနှုန်းကိုက်ညီမှုမရှိခြင်း၊ ယာဉ်မောင်းများ၏စည်းကမ်းလိုက်နာမှုအားနည်းခြင်းနှင့် မဆင်မခြင်မောင်းနှင်ခြင်း၊ ယာဉ်၏ကြံ့ခိုင်မှုနှင့် အသုံးပြုမှုအခြေအနေမှာ လိုက်လျောညီထွေမှုမရှိခြင်းနှင့် ဒေသခံပြည်သူများ၏ အသိပညာနှင့်လူနေမှု ဘဝအခြေအနေ မြှင့်တင်ရန် လိုအပ်ခြင်းများကြောင့် လူထိခိုက် သေဆုံးသည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ ဖြစ်ပွားလျှက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် အမြန်လမ်းမကြီးပေါ်တွင် သွားလာလျှက်
ရှိသော ခရီးသွားပြည်သူများအနေဖြင့် ယာဉ်မတော်တဆမှုဖြစ်ပွားကာလူသေဆုံး၊ထိခိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန် သတိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
