မြိတ်မြို့တွင် ကျပ်သိန်းပေါင်း ၂ သိန်း ၇ သောင်း တန်ဖိုး ရှိ ICE မူးယစ်ဆေးဝါးနှင့်KETAMINE များကို ဇန်နဝါရီ ၁၄ ရက်နေ့ကဖ မ်းဆီးရမိခဲ့ကြောင်း သိရသည်၊
မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူး ကျေးရွာ အဏ္ဏဝါရပ်ကွက်ရှိ မြေပေါ်လွန်းကျင်းတွင် ဆိုက်ကပ်ရပ်နား ထားသည့် လှေတစ်စီးပေါ်သို့ စရဖ( ရေ )မှ ဗိုလ်ကြီးဟိန်းလင်းဇော် ဦးဆောင်သော အဖွဲ့ မှဝင်ရောက်ရှာဖွေစဉ် လှေပေါ်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မှိုဟင်းတိုးကျေးရွာမှ သိန်းကျော်နိုင် နှင့် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှ မျိုးဝင်း ဆိုသူတို့အားတွေ့ရှိခဲ့ရကြောင်းသိရသည်၊
လှေပေါ်တွင်ဆက်လက်ရှာဖွေရာလှေဦးခေါင်းရှေ့ရှိဝမ်းဗိုက်အတွင်းမှ တစ်ထုပ်လျှင် တစ်ကီလိုအ လေးချိန်ရှိ တရုတ်စာတမ်းပါ အိတ်များအတွင်းမှ KETAMINE များတွေ့ရှိခဲ့သည် ၊ ဖမ်းဆီးရမိသည့် KETAMINE များမှာအလေးချိန်အားဖြင့် ၄၉၀ ကီလိုဂရမ်ရှိပြီး ကာလပေါက်စျေး ကျပ် သိန်းပေါင်း ၁၉၆၀၀၀ ၀၀၀၀၀ ရှိကြောင်း သိရသည်၊တာဝန်ရှိသူများကလှေအား ဆက်လက်ရှာဖွေရာ လှေဘေး ဘောင်ဝဲယာရှိ သစ်သားဘောင်အံ့ဝှက်အတွင်းမှ တရုတ်စာတမ်းပါ အိတ်ဖြင့် ထည့်ထားသည့်တစ်ကီလိုဂရမ်ပါ ICE မူးယစ်းဆေးဝါး ၁၉၉ ထုပ် ၊ ပေါက်ပြဲအိတ် ၃ အိတ်အတွင်းမှ ICE အမှုန့် အကြေ ၂ ကီလို စုစုပေါင်း ၁၉၂ ကီလို ကာလပေါက်စျေး ကျပ်သိန်းပေါင်း ၈၀၄၀၀ ၀၀၀၀၀ တို့အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်၊
“ကျွဲကူးလှေဒေါင့်မှာ မိတာပါ ၊ စရဖ( ရေ )က တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ၊ ဇန်နဝါရီလ ၁၄ မှာ ရဲစခန်းမှာလာရောက်အပ်နှံ အမှုဖွင့်ပါတယ်၊ နောက်ဆက်တွဲဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ဆဲပါ''လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်၊
တာဝန်ရှိသူများက သိန်းကျော်နိုင်နှင့် မျိုးဝင်းတို့အားဆက် လက်စစ်ဆေးရာ မြင့်ဇော်ဟုခေါ်သော လှေပဲ့နင်းမှ၄င်းတို့ကို ခေါ်ဆောင်လာကြောင်း မြင့်ဇော်မှာ မြိတ်မြို့နောက်လယ်ရပ်ကွက် ရှိ မိုးထက်သာ တည်းခိုခန်းတွင် တည်းခိုနေကြာင်း တွက်ဆိုခဲ့သည်၊ ရဲတပ်ဖွဲ့ဝင်များက တည်းခိုခန်းတွင်သွားရောက်ရှာဖွေရာ မြင့်ဇော် ကော့သောင်းမြို့နေသူအား တွေ့ရှိခဲ့ ကြောင်းသိရသည်၊
မြင့်ဇော်အားသက်သေများနှင့် ဆက်လက်ရှာဖွေ ရာ ဂြိုလ်တုဆက်သွယ်ရေးစက်၊ စကားပြောစက်၊ GPS စက် ၊ ဂဲ့စ်ဖြင့်ပစ်ရသော ပစ္စတိုတစ်လက်၊ ၉ မမ ကျည်တစ်တောင့်၊ ၅. ၆၅ ကျည်တစ်တောင့်၊ ငွေစက္ကူအနည်းငယ် ၊ဘဏ်ကဒ်တစ်ချို့နှင့်သက် သေခံပစ္စည်းတစ်ချို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်၊ ဖမ်းဆီးရမိထားသည့် မြင့်ဇော်၊ မျိုးဝင်း၊ သိန်းကျော်နိုင်၊ သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများနှင့်သက်သေခံပစ္စည်းများ အား စရဖ( ရေ )မှ ရဲတပ်ဖွဲ့ထံလွဲပြောင်းပေးခဲ့ရာ မြိတ်မြို့မရဲစခန်းမှ မယ ( ပ ) ၈/၂၀၂၀၊မူးစိတ်ပုဒ်မ ၁၉ ( က )၊၂၀ ( က )/၊၂၂ ( ခ )/၂၁ ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။
မြိတ်မြို့ မူးယစ်တပ်ဖွဲ့ မှ ဖမ်းဆီးထားသော မြင့်ဇော် အားစစ်ဆေးချက်အရ ကော့သောင်းမြို့ ရွှေဟင်္သာ ရပ်ကွက် ရှိ မြင့်ဇော်နေထိုင်ရာ အခန်းအား ဝရမ်းအမှတ်(၅/၂၀၂၀)ဖြင့်ဝင်ရောက်ရှာဖွေရာ ၊မြင့်ဇော်၏ အကိုဝမ်းကွဲ "အင်ကို" အားတွေ့ရှိပြီး ၊မြင့်ဇော်အိပ်ခန်း TVစင်ဘေးမှ ice ဟုယူဆရသော အဖြူရောင်ခရစ္စတယ်လ် ဘလောက်တုံး တတုံး ၊ (1)kilo(.ထုပ်ပိုးထားသည့်အခွံပါ ပူးပေါင်း အလေးချိန်) ကာလတန်ဘိုးကျပိ သိန်း (၂၅၀)၊ မြင့်ဇော်အမည်ပါ အိမ်ထောင်စုဇယား၊ ဧရာဝတီဘဏ်စာအုပ် တအုပ်၊ ဂျပန်နိုင်ငံလုပ်စကားပြောစက်တလုံး၊ တွေ့ရှိခဲ့ပြီး အင်ကို မှ မြက့်ဇော်၏ပစ္စည်း ဖြစ်ကြောင်းဝန်ခံထွက်ဆိုပြီး သက်သေများရှေ့တွင် ပေးအပ်ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အင်ကို အား အရေးယူဆောင်ရွက်ထားကြောင်းသိရသည်၊
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
