လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအား တရားစွဲဆိုထားသောအမှုတွင် အရေးပေါ်စီမံချက်မှုများ ချမှတ်ပေးရန် ဂမ်ဘီယာ၏ တောင်းဆိုထားမှုကို ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော International Court of Justice (ICJ) က ဇန်နဝါရီ ၂၃ တွင် စီရင်ချက်ချမည်ဖြစ်ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ အစောပိုင်းတွင် Twitter ၌ ထုတ်ပြန်ခဲ့သည်။
အနောက်အာဖရိကတွင် မွတ်စလင် အများစုနေထိုင်သော ဂမ်ဘီယာက မြန်မာတွင် လူနည်းစု ဘင်္ဂါလီမွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း စွပ်စွဲလျက် ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် ICJ ၌ တရားစွဲခဲ့သည်။
မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင် သိန်းနှင့်ချီအား နိုင်ငံမှထွက်ပြေးစေခဲ့သော နယ်မြေရှင်းလင်းမှုအတွင်း မြန်မာသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲခဲ့သည်။ နှစ်နှင့်ချီ ကြာမြင့်နိုင်သော ထိုအမှုတွင် ပထမအဆင့်အဖြစ် ထပ်မံထိခိုက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြားဖြတ် အရေးယူတုံ့ပြန်မှုများ ချမှတ်ရန် ဂမ်ဘီယာက iCJ ကို တောင်းဆိုထားခြင်းဖြစ်သည်။
မြန်မာ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သောလတွင် သည်ဟိဂ်ရှိ တရားရုံးတွင် မြန်မာအား စွပ်စွဲထားသော စွဲချက်များကို ခုခံကာကွယ်ခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေကြောင်း စွပ်စွဲချက်အား ၎င်းက ငြင်းဆန်ခဲ့ပြီး ICJ သည် ထိုအမှုအား ကြားနာစစ်ဆေးရန် စီရင်ပိုင်ခွင့် မရှိကြောင်းလည်း ပြောကြားခဲ့သည်။
ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော စစ်သားများနှင့် တာဝန်ရှိသူများအား မြန်မာက စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထိုအခြေအနေများ အောက်တွင် ICJ သည် ဝင်ရောက်မစွက်ဖက်သင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ထောက်ပံ့မှု ရခဲ့ပြီးနောက် ဂမ်ဘီယာက မြန်မာအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကသာ အခြားနိုင်ငံတစ်နိုင်ငံအား ICJ တွင် တရားစွဲနိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
