၆၈ ကြိမ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲနှင့် လူထုအခမ်းအနားကို လွိုင်ကော်မြို့ ကယားဒေးကွင်းတွင် ဇန်နဝါရီ ၁၅ ရက်က ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လူထုအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ “ ပြည်နယ်ကို တိုးတက်စေချင်ပါက အစိုးရကို အားမကိုးရန်နှင့် ကိုယ်တိုင်လုပ်ကြရန်အတွက် ” တိုက်တွန်း ပြောဆိုကြောင်း သိရသည်။
'' အပစ်အခတ်ရပ်စဲတဲ့အချိန်နဲ့ အပစ်အခတ်မရပ်ဆိုင်းသေးတဲ့ အချိန်ကြားမှာ ဘယ်လိုကွာခြားမှုတွေ ရှိလည်းဆိုတာ ပြည်နယ်သူပြည်နယ်သားများဟာ သေသေချာချာသိကြပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အပစ်အခတ်ရပ်စဲဖို့လိုတယ်။ ငြိမ်းချမ်းဖို့လိုတယ်။ ငြိမ်းချမ်းမှတိုးတက်မယ်။ တိုးတက်ရေး တိုးတက်မှုကို ကျွန်မတို့ဆက်ပြီးတော့ ဘယ်လိုထိမ်းသိမ်းထားမလည်းဆိုတာ စဉ်းစားဖို့ပါ။ သမ္မတကြီးရဲ့သဝဏ်လွှာမှာလည်း လွိုင်ကော်ဟာ ခရီးသွား အသန့်ရှင်းဆုံး နိုင်ငံတစ်ခုအဖြစ်နဲ့ ကြားပြီးပြီ ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လို့ လုပ်နိုင်တာဟာ အားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုကြောင့်ပဲ။ ကျွန်မတို့ပြည်ထောင်စု အစိုးရလည်းပါတယ်။ ပြည်နယ်အစိုးရလည်းပါတယ်။ အထူးသဖြင့် ပြည်နယ်သူပြည်နယ်သားများလည်း ပါတယ်။ ကိုယ့်ပြည်နယ်ကို အထူးတိုးတက်စေချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါဆိုပြီးတော့လည်း အားမကိုးပါနဲ့။ တခြားသူတွေ လုပ်ပါဆိုပြီးတော့လည်း အားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင်လုပ်ကြပါ ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်မှဖတ်ကြားခြင်း၊ မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းအား သီဆိုတင်ဆက်ခြင်း ၊ သဘာပတိအဖွဲ့ဝင်များ ထွက်ခွာခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် ကယားရိုးရာအကဖြင့် အခမ်းအနားအား ပိတ်သိမ်းရာအကတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့်အတူ ဧည့်သည်တော်များပါ ပါဝင်ကပြကြခြင်း၊ ပြခန်းများအား လှည့်လည်ကြည့်ရှု့ကြကြောင်း သိရသည်။
ထို့နောက် ဒီးမော့ဆိုမြို့နယ် ကွိုင်ငံ ရေထွက်ပေါက်ရှိသည့် နေရာဝန်းကျင်ရှိ ငံရိုးကျေးရွာရှိ စေတီအား အုတ်မြစ်ချရန်အတွက် ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ ကယားပြည်နယ် ဧည့်ရိပ်သာတွင် ကရင်နီလူငယ်အင်အားစုများအပြင် တိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
