ပညာရေးဝန်ကြီးဌာနအနေနှင့် ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရန်နှင့် ဗဟိုချုပ်ကိုင်မှုဖြင့် မလျော်သြဇာသုံး ဖိနှိပ်ပြောဆိုနေမှုများ ဆက်လက် လုပ်ဆောင်ပါက လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ အခြေခံပညာပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ အဖွဲ့အစည်းသုံးဖွဲ့က ဇန်နဝါရီ ၁၄ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကြေညာခဲ့သည်။
အခြေခံပညာရေးတွင် မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်ရန် စီစဉ်ထားကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ မီဒီယာများအား ဖြေကြားချက်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာအမှတ်-စာစစ်/၁/အချိန်စာရင်း/ ၁၈၄၈/၂၀၁၉ အရ သိရှိရကြောင်း၊ အဆိုပါအခြင်းအရာသည် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကဏ္ဍမှ ကျောင်းသားများနှင့် မိဘများ (အထူးသဖြင့် ကျေးလက်ဒေသများ)အတွက် မည်သို့မျှ အဆင်မပြေနိုင်သဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆရာသမဂ္ဂများနှင့် ပညာရေးကဏ္ဍမှ ကျောင်းသားသမဂ္ဂအသီးသီးတို့က တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ခဲ့ကြကြောင်း၊ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် ဖဲကြိုးစိမ်းတပ်ဆင်ပြီး အတိအလင်း ကန့်ကွက်နေကြသည်ကို အများသိရှိပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ စီမံအုပ်ချုပ်မှုအောက်ရှိ ကျောင်းများ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာများ၊ ဝန်ထမ်းများကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောမထားဘဲ ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ သုံးစွဲကာ လက်တွေ့မဆန်သော ကြေညာချက်များ မူဝါဒများချမှတ်နေသည်ကို တွေ့ ရှိရကြောင်း၊ အသစ်ပြဋ္ဌာန်းလိုက်သော အခြေခံပညာရေးဥပဒေ၊ အခန်း (၉) အခြေ ခံပညာ ဆရာများ၏ အခွင့်အရေး၊ တာဝန်၊အရည်အချင်းနှင့်စွမ်းဆောင်ရည်များ အခန်း၊ ပုဒ်မ ၃၉ (ဆ)တွင် ဆရာများသည် “မူဝါဒ များ၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ စီမံချက်များ၊ ပညာရေးဆိုင်ရာ ဥပဒေများနှင့် အခြား လုပ်ထုံးလုပ်နည်းများအတွက် အကြံပြုခွင့်၊ပါဝင်ဆောင်ရွက်ခွင့်ရှိသည်” ဟု အတိအ လင်းပြဋ္ဌာန်းထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် ယခု မတ်လကုန်အထိ စာသင် ကာလသတ်မှတ်သည့် မူဝါဒ သို့မဟုတ် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းရာတွင် အခြေခံ ပညာကဏ္ဍတွင် လက်တွေသင်ကြားနေသည့် မည်သည့် ဆရာဆရာမကိုမှ အသိပေး အကြံဉာဏ်ယူခဲ့သည်ကို မတွေ့ရှိရကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော အခြေခံပညာရေး ဥပဒေကြမ်းကို မလေးစား မလိုက်နာသည်မှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသာဖြစ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုဖြင့် အဆိုပါမူဝါဒအလွဲကို ကန့်ကွက်နေသော ကျောင်းသားများ ဆရာများအပေါ်လည်း မလျော်သြဇာသုံး ဖိနှိပ်မှုများရှိနေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အခြေခံပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက် နာရန် လေးနက်စွာ အသိပေးလိုက်ပြီး ဗဟိုချုပ်ကိုင်မှုနှင့် မလျော်သြဇာသုံး ဖိနှိပ်မှုများကို ဆက်လက် လုပ်ဆောင်နေပါက လှုပ်ရှားမှုများကို တရားဥပဒေနှင့်အညီ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်သာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
