နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းပြီး ကော်မရှင်အဟောင်းကို ဖျက်သိမ်းလိုက်ကြောင်း အမိန့်အမှတ် ၃/၂၀၂၀ ကို ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သမ္မတရုံး က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၅ ၏ ကော်မရှင် အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့က တင်ပြလာသည့် ကော်မရှင်အဖွဲ့ဝင်လောင်များထဲမှ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်း ချက်များအရ ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပြီး ပုဂ္ဂိုလ် (၁၁) ဦးပါဝင်ကြောင်း သိရသည်။
အသစ်ဖွဲ့စည်းလိုက်သော အဆိုပါကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် အာဆီယံ အစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင်မှ မြန်မာကိုယ်စားလှယ် ဦးလှမြင့်က ဆောင်ရွက်မည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဒေါက်တာနန္ဒမွှန်းက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ကော်မရှင်အဖွဲ့ဝင်များတွင် သံအမတ် ကြီး (အငြိမ်းစား) ဦးပေါ်လွင်စိန်၊ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး(အငြိမ်းစား) ဦးကျော်စိုး၊ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဒေါ်နုနုယဉ်၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန မှ ဌာနစုမှူး (အငြိမ်းစား) ဒေါက်တာတင် မောင်မောင်သန်း၊ ရန်ကုန်တက္ကသိုလ် ဥပဒေ ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ မြင့်သူမြိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဌာနကြီးမှူး (အငြိမ်းစား) ဦးတင် အောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါ်တင်ကြည်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်မြင့်တို့ ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၉-၂၀၁၄ ရက်စွဲပါ အမိန့်အမှတ် ၂၃/ ၂၀၁၄ နှင့် ၂၅-၄-၂၀၁၈ ရက်စွဲပါ အမိန့်အမှတ် ၂၀/၂၀၁၈ တို့ဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဟောင်းကို ဇန်နဝါရီ ၁၄ ရက်မှစ၍ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ယခုဖွဲ့စည်းလိုက်သော ကော်မရှင်တွင် ဖျက်သိမ်းလိုက်သော ကော်မရှင်မှ မည်သူမျှ ပါဝင်လာခြင်း မရှိတော့ဘဲ ပုဂ္ဂိုလ်စာရင်း အသစ်ဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းလိုက်သော ကော်မရှင်၌ ၂၀၁၄ ခုနှစ်တွင် အမိန့်အမှတ် ၂၃/၂၀၁၄ ဖြင့်ဖွဲ့စည်းခဲ့သော ကော်မရှင်တွင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အပါအဝင် ခုနစ်ဦးပါဝင်ပြီး ၂၀၁၈ ခုနှစ်တွင် အမိန့်အမှတ် ၂၀/၂၀၁၈ ဖြင့် အဖွဲ့ဝင် သုံးဦး ဖြည့်စွက်ခန့်ထားခဲ့ပြီး စုစုပေါင်း ၁၀ ဦးရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
