ယခုနှစ် ဧရာဝတီမြစ် ရေနည်းကာလတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ငါးဘီလျံကျော် သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကမ်းပြိုကျမှု ဖြစ်ပေါ်သောနေရာ ၂၄ နေရာတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ် ၅ ဒသမ ၃ ဘီလျံ လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းအတွက် တက်ဒါခေါ်ယူခြင်းတွေကို လုပ်ပြီးပြီ။ အခု ဇန်နဝါရီ ၉ ရက်နေ့ က တင်ဒါပိတ်တယ်။ လာရောက် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၄၄ ခုရှိတယ်။ ဒါကို ဖွင့်ဖောက်ပြီး အောင်တဲ့သူတွေ ကြေညာပြီးရင် လုပ်ငန်းတွေစမှာပါ။ အခု ဇန်နဝါရီလကုန်လောက်မှာ လုပ်ငန်းတွေ စတင်မယ်။ ဒီနှစ်မှာ အရင်နှစ်တွေကလို ဌာနကနေ ဆောင်ရွက်မယ့်နေရာ မရှိပါဘူး။ နေရာအကုန်လုံးကို ကုမ္ပဏီတွေကို ချထားပေးမှာဖြစ်တယ်”ဟု မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောကြားသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မြစ်ရေကျချိန်တွင် အပြီးပြတ် ဆောင်ရွက်မည်ဖြစ်ကာ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်သို့ ဌာနမှ အင်ဂျင်နီယာများ နှင့် Third Party အဖွဲ့တို့က ပြီးစီးသော လုပ်ငန်းအဆင့်အလိုက် စစ်ဆေးသွားမည် ဖြစ်သည်။
ပြီးခဲ့သည် ဘဏ္ဍာနှစ် (၂၀၁၈-၂၀၁၉) က မန္တလေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၅ ခုနှင့် ဧရာဝတီမြစ် ရေလမ်းကြောင်းကောင်းမွန်ရေး လုပ်ငန်း လေးခုအတွက် ငွေကျပ် သန်းပေါင်း ၅၂၀၀ အသုံးပြုခဲ့ကြောင်း၊ ယခုနှစ်တွင် စဉ့်ကူး၊မတ္တရာ၊အမရပူရ၊ စဉ့်ကိုင်၊ ငါန်းဇွန်၊ မြစ်သား၊ တံတားဦး၊ တောင်သာ၊ပုသိမ်ကြီး ညောင်ဦးစသည့် မြို့ နယ် ၁၁ ခုတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၂၄ ခု ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
