ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး ၁၁ မျိုးကို အသုံးပြုပြီး အသက် ငါးနှစ်အောက်ကလေးများကို ကူးစက်ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမရှိအောင် ကာကွယ်ပေးနေရာမှ ရိုတာဗိုင်းရပ်(စ်) ကာ ကွယ်ဆေးကို ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ စတင် ထည့်သွင်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်မြို့၊ Chatrium Hotel တွင်ပြုလုပ်သည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပုံမှန်ကာ ကွယ်ဆေးထိုး /ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးထည့်သွင်းမည့်အကြောင်း သတင်းမီဒီယာကို အသိပေးဆွေးနွေးပွဲမှ သိရသည်။
ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ၁၂ မျိုး မြောက်ထည့်သွင်းနိုင်သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
“ကာကွယ်ဆေးတိုက်မယ့် အရွယ်က နှစ်လအရွယ်မှာ ပထမအကြိမ် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီးတိုက်တာပါ။ ပါးစပ်ကနေပြီး တိုက်ကျွေးမယ့် ကာကွယ်ဆေးဖြစ်ပါတယ်။ ဒါကို ကလေး နှစ်လအရွယ်မှာ တစ်ကြိမ်နဲ့ လေးလအရွယ်မှာ တစ်ကြိမ်နှစ်ကြိမ် တိုက်ကျွေးမှာပါ။ ဘာလို့လဲဆိုတော့ ရိုတာဗိုင်းရပ်(စ်)ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ကလေးက တစ်နှစ်အောက်တွေမှာပြင်းထန်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကာကွယ်ဆေးတိုက်မယ့်အရွယ်ကို နှစ်လမှာ ပထမအကြိမ် တိုက်ပြီးတော့ လေးလမှာ ဒုတိယအကြိမ် တိုက်မှာဖြစ်တယ်။ ဒါကြောင့် အရွယ်အားဖြင့်ကြည့်လိုက်ရင် ကလေးအရေအတွက် က ခန့်မှန်းခြေ တစ်သိန်းကျော်ကျော် လောက်ပဲရှိမှာပါ။ လစဉ်ကျန်းမာရေးဌာနတွေမှာ ကာကွယ်ဆေးတိုက်နေတဲ့အစီအစဉ်တွေရှိတယ်။ လစဉ်လစဉ် တိုက်မှာဖြစ်တဲ့ အတွက် တစ်နှစ်လုံးကလေးသန်းနဲ့ချီပြီး တိုက်နိုင်မယ်လို့ မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရ တဲ့ရောဂါ ၁၃ မျိုးရှိပါတယ်။ ဒါကြောင့် ဒီဟာက ၁၂ မျိုးမြောက် ကာကွယ်နိုင်အောင်စီစဉ် ဆောင်ရွက်နိုင်တဲ့အတွက် ဂုဏ်ယူရပါတယ်။ သိပ်မကြာခင် ၂၀၂၀ ခုနှစ်ထဲမှာပဲ သြဂုတ်လ ဝန်းကျင်လောက်မှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုလည်း ထိုးပေးဖို့ဆောင်ရွက် သွားမှာပါ။ အဲဒါကိုသာ ဆောင်ရွက်နိုင်ခဲ့ရင် တော့ ၁၃ မျိုးမြောက် ကာကွယ်ဆေးကို ကျွန် တော်တို့နိုင်ငံမှာထိုးနှံပေးဖို့အတွက်စီမံ ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်” ဟု ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးအသစ် ထည့်သွင်းထိုးနှံခြင်းသည် နိုင်ငံအတွင်း ဖြစ်ပွားသော ကူးစက်ရောဂါအခြေအနေ၊ သေဆုံးမှုနှုန်း၊ဘဏ္ဍာငွေရရှိမှုအခြေအနေ၊ အအေးလမ်းကြောင်းထိန်း ပစ္စည်းရရှိမှုများ အပေါ်တွင် မူတည်ပြီးစဉ်းစားရကြောင်း၊ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေး သေဆုံးသည့်အကြောင်းအရင်းထဲ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် တတိယအများဆုံး ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်အ တွင်းပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံကြီးများတွင်တက် ရောက်သော အ သက်ငါးနှစ်အောက်ကလေး လူနာများတွင် ရိုတာဗိုင်းရပ်(စ်)ပိုးတွေ့ ရှိမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းရှိ သည်ကို လေ့လာတွေ့ရှိရကြောင်း ရိုတာဗိုင်း ရပ်(စ်) ကာကွယ်ဆေးထည့်သွင်းမည့်အ ကြောင်း သတင်းမီဒီယာကို အသိပေး ဆွေး နွေးပွဲမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
