၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ၏ လစာအများဆုံးကစားသမားစာရင်းတွင် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ရာသီအတွက် ဒုတိယအကြိမ် လစာစာရင်းအချက်အလက်ကို မေဂျာလိဂ် ကစားသမားများအဖွဲ့ချုပ်က ထုတ်ပြန်ရာ မက်ဆီက အာမခံလျော်ကြေး ဒေါ်လာ ၂၀ ဒသမ ၄ သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မေဂျာလိဂ်ပြိုင်ပွဲ၏ လစာပေးချေမှုစနစ်အရ မက်ဆီသည် အခြေခံလစာအဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၁၂ သန်းသာရရှိသော်လည်း အာမခံလျော်ကြေးစုစုပေါင်း ဒေါ်လာ ၂၀ ဒသမ ၄ သန်းအထိ ရရှိနေသည်။
၎င်း၏နောက်တွင် တိုရွန်တိုအသင်းမှ အင်ဆစ်ဂ်ညာက ဒေါ်လာ ၁၅ ဒသမ ၄ သန်း၊ အင်တာမိုင်ယာမီအသင်းမှ ဘူးစကွက်စ်က ဒေါ်လာ ၈ ဒသမ ၈ သန်း၊ အော်စတင်အသင်း မှ ဒရီယူဆီက ဒေါ်လာ ၆ ဒသမ ၇ သန်း၊ တိုရွန်တိုအသင်းမှ ဘာနာဒက်ခီက ဒေါ်လာ ၆ ဒသမ ၃ သန်း၊ နယူးယောက်ရက်ဘူးလ် အသင်းမှ ဖော့စ်ဘက်က ဒေါ်လာခြောက်သန်း၊ ဟူစတန်ဒိုင်နမိုအသင်းမှ ဟာရဲရားနှင့် နက်ရှ်ဗယ်အသင်းမှ မူကထာက ဒေါ်လာ ၅ ဒသမ ၂ သန်း၊ ဒီစီယူနိုက်တက်အသင်းမှ ဘန်တီကီက ဒေါ်လာ ၄ ဒသမ ၇ သန်း၊ LA ဂလက်ဆီအသင်းမှ ရစ်ကီပွတ်က ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲတွင် လစာပေးချေမှု အများဆုံးအသင်းအဖြစ် အင်တာမိုင်ယာမီအသင်းက ဒေါ်လာ ၄၁ ဒသမ ၇ သန်းဖြင့် ရပ်တည်နေသည်။ မက်ဆီ ရရှိနေသည့်လစာမှာ အခြားမေဂျာလိဂ်ကလပ် ၂၂ သင်း၏ လစာအသုံးစရိတ်ထက်ပင် ပိုများ ကြောင်း သိရသည်။
လစာအများဆုံး ထိပ်ဆုံး ၁၀ ဦး
အမည် အသင်း လစာ
မက်ဆီ အင်တာမိုင်ယာမီ ၂၀.၄ သန်း
အင်ဆစ်ဂ်ညာ တိုရွန်တို ၁၅.၄ သန်း
ဘူးစကွက်စ် အင်တာမိုင်ယာမီ ၈.၈ သန်း
ဒရီယူဆီ အော်စတင် ၆.၇ သန်း
ဘာနာဒက်ခီ တိုရွန်တို ၆.၃ သန်း
ဖော့စ်ဘက် ရက်ဘူးလ် ၆ သန်း
ဟာရဲရား ဟူစတန်ဒိုင်နမို ၅.၂ သန်း
မူကထာ နက်ရှ်ဗယ် ၅.၂ သန်း
ဘန်တီကီ ဒီစီယူနိုက်တက် ၄.၇ သန်း
ရစ်ကီပွတ် LA ဂလက်ဆီ ၄.၆ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
