ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် စတင်ဖွဲ့စည်းပြီး ကော်မတီသက်တမ်း တစ်နှစ်အတွင်း တိုင်ကြားစာ ၁၈၀၀ ကျော်ရရှိကာ အများစုမှာ သိမ်းဆည်း လယ်ယာမြေကိစ္စဖြစ်သည်ဟု ကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။
ကော်မတီထံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေးတို့နှင့် စပ်လျဉ်း၍လည်း တိုင်ကြားမှု များပြားသည်ဟု ဇန်နဝါရီ ၁၅ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိချက်အရ သိရသည်။
ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီထံ တိုင်ကြားစာ၊ အသနားခံစာရောက်ရှိပါက တိုင်ကြားစာအပေါ် ဖြေရှင်းပေးနိုင်မည့် ဝန်ကြီးဌာနနှင့် ကော်မရှင်များကို အကြောင်းကြားစာပေးပို့ပြီး အချက်အလက်မပြည့်စုံသည့် တိုင်ကြားစာ၊ အသနားခံစာများကို မှတ်တမ်းအနေဖြင့် ထားရှိသည်ဟု ဦးမြင့်လွင်က ပြောကြားသည်။
“ ကျွန်တော်တို့ရဲ့ အလုပ်က အစိုးရရဲ့ စီမံခန့်ခွဲမှု လွဲနေတာ၊ ပြည်သူနစ်နာတာကို ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများကို ခေါ်ယူကြားနာခွင့်ရှိရာ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများစိစစ်ရေး ကော်မတီတို့ကို ခေါ်ယူဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ဆိုသည်။
လက်ခံရရှိသည့် တိုင်ကြားစာ ၁၈၀၀ ကျော်တွင် ဌာဆိုင်ရာသို့ ပြန်လည်ပေးပို့သည့် တိုင်စာ ၁၅၅၁ စောင် ရှိပြီး အကြောင်းပြန်ကြားမှု ၉၀၀ ကျော်ရှိသည်ဟု သိရသည်။
တိုင်ကြားစာများသည် တိုင်းပြည်တစ်ခုအတွက် အသုံးတည့်သည့် သတင်းအချက်အလက်များဖြစ်ပြီး ယင်းအပေါ်အခြေခံ၍ တိုင်းပြည်က ဆောင်ရွက်နေသည့်ကိစ္စရပ်များ၏ အားသာချက်၊ အားနည်းချက်များကို ဆုံးဖြတ်၍ ရနိုင်သည်ဟု ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောက ပြောကြားသည်။
“ သေချာ အသုံးပြုမယ်ဆိုရင် အထောက်အကူ ဖြစ်စေပါတယ်။ တိုင်ကြားစာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်တွေလည်း ပြောင်းလဲဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
