အစိုးရ ရည်မှန်းထားသည့် အုပ်ချုပ်ရေးပုံစံသည် နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေး၊ တိုင်းရင်းသားများ၏ မွေးရာပါ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် အုပ်ချုပ်ရေးပုံစံဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးမျိုးမဖြစ်ချင်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ မာလာတောင်ခန်းမတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ သွားနေတဲ့အုပ်ချုပ်ရေးပုံစံနဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ကျွန်တော်တို့ လိုချင်တဲ့ အုပ်ချုပ်ရေးပုံစံဟာ နိုင်ငံသူ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး လွတ်လပ်မှုနဲ့ လုံခြုံမှုကိုပေးတဲ့ အုပ်ချုပ်ရေးမျိုး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးမျိုး ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်တဲ့အုပ်ချုပ်ရေးမျိုး မဖြစ်စေချင်ပါဘူး။ ထို့အတူ နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေး၊ တိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တဲ့ အုပ်ချုပ်ရေးပုံစံ ဖြစ်စေချင်တယ်။ ဒါကို ဒီကနေ့ ကြွရောက်လာတဲ့ အုပ်ချုပ်ရေးမှာပါဝင်တဲ့သူအားလုံးက အထူးဂရုပြုစေချင်ပါတယ်။ အုပ်ချုပ်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးကို အဓိကထား အုပ်ချုပ်စေချင်တယ်ဆိုတာ တရားမျှတမှု လိုအပ်ပါတယ်။ တရားမျှမျှတတလုပ်မှ အားလုံးက လက်ခံနိုင်မှာ ဖြစ်ပါတယ်။ တရားမျှတမှုမရှိလို့ရှိရင် တည်ငြိမ်မှုဆိုတာ မရှိပါဘူး။ တရားမျှတမှုဟာ လူ့အသိုင်းအဝိုင်းမှာ အားလုံးနဲ့သက်ဆိုင်ပါတယ်။ တရားမျှတမှုဟာ လူသားအားလုံး နိုင်ငံသူ နိုင်ငံသား အားလုံး၊ တိုင်းရင်းသားအားလုံး ရသင့်ရထိုက်တဲ့အခွင့်အရေး ဖြစ်ပါတယ်။ တရားမျှတမှုဟာ ဒီမိုကရေစီ တည်ဆောက်ရေးအတွက်လည်း အခြေခံကျပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ရှိတဲ့သူတွေကလည်း ပြောစေချင်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။
အဆိုပါအုပ်ချုပ်ရေးမျိုးဖြစ်ရန် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားကြသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဥပဒေပြုရေး၌ အဆင့်ဆင့်ပါဝင်နေသော ဝန်ထမ်းများနှင့် တရားစီရင်ရေးတွင် တာဝန်ယူထားသည့် ဝန်ထမ်းများအနေဖြင့် စိတ်စေတနာထက်သန်စွာ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
“ အုပ်ချပ်ရေးပိုင်းမှာ တာဝန်ယူထားတဲ့ သူတွေ၊ လွတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဥပဒေပြုရေးက အဆင့်ဆင့်သော ဝန်ထမ်းများ၊ တရားစီရင်ရေးမှာ တာဝန်ယူထားတဲ့ ဝန်ထမ်းတွေဟာ စိတ်စေတနာ ထက်ထက်သန်သန်နဲ့ တက်ညီလက်ညီ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံများ တည်တံ့ခိုင်မြဲရန် ပြုစုပျိုးထောင်ပေးနေကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
“ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ပြည်နယ်တိုင်းဒေသတွေအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအားလုံး မကျန်ခဲ့စေရအောင် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဖွံ့ဖြိုးတိုးတက်မှုအကြား အလပ်မရှိအောင် ကျွန်တော်တို့ နိုင်ငံတော် အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားညီအစ်ကိုတွေ မပါဘဲနဲ့ ပြည်ထောင်စုနိုင်ငံတော်လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း တိုင်းရင်းသားများနဲ့ ပတ်သက်လို့ရှိရင် တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ မြှင့်တင်နိုင်ဖို့၊ ကာကွယ်ထိမ်းသိမ်းဖို့နဲ့ မိမိတို့ဓလေ့ထုံးတမ်း အစဉ်အလာတွေ တည်တံ့ခိုင်မြဲအောင် ပြုစုပျိုးထောင်နေပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးမရှိတဲ့နေရာမှာဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ပေးပေမဲ့ လုပ်ပေးတဲ့ အတိုင်းအတာ ရာနှုန်းပြည့်မသက်ရောက်ပါဘူး” ဟု ဦးဝင်းမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရန် ဇန်နဝါရီ ၁၄ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရဟတ်ယဉ်ဖြင့် ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
