နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ICJ တွင် မြန်မာကိုယ်စားပြု သွားရောက်ထုချေဖြေရှင်းမည်ဟု ကြေငြာခြင်းကို ပြတ်သားစွာ ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၀-၁၂-၂၀၁၉ တွင် ကမ္ဘာ့တရားရုံး (ICJ) သို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ထုချေဖြေရှင်းမည်ဟု တိုင်းပြည်အပေါ် တာဝန်ယူမှု တာဝန်သိမှုစိတ်ဓာတ်ဖြင့် ကြေငြာခဲ့ခြင်းအပေါ် ILAM အဖွဲ့ကြီးက ပြတ်သားစွာ ထောက်ခံကြိုဆိုကြောင်း၊ ICJ သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ တည်ထောင်ဖွဲ့စည်းသည့် တစ်ခုတည်းသော ကုလသမဂ္ဂပင်မ တရားစီရင်ရေး အဆောက်အအုံဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံက လေးစားစွာပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှု လူ့စံနှုန်းများ၊ အခြေချ နေထိုင်ခွင့်၊ အမည်သညာရရှိပိုင်ခွင့်၊ အသက်ရှင်သန်ပိုင်ခွင့် စသည့် လူ့သမဂ္ဂကြီး၏ လောကပါလတရားများကို အပြည့်အဝလိုက်နာနိုင်ရန် ကြိုးပန်းဆောင်ရွက်နေသည့် နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် တရားမဲ့မှု၊ ကြီးနိုင်ငယ်ညှဉ်း၊ လူလူချင်းစာနာမှုမဲ့သည့် မည်သည့်အပြုအမူ၊ ပြစ်မှုတို့ကိုမဆို သည်းညည်းခံဖုံးကွယ်မည်မဟုတ်ဘဲ၊ ကမ္ဘာ့အမျိုးသားနိုင်ငံများနှင့်အတူ အသားရောင်၊ လူမျိုး၊ကိုးကွယ်သည့် ဘာသာမခွဲခြား၊ ယဉ်ကျေးမှုမြင့်မားသည့် ဂုဏ်သရေရှိတိုင်းပြည် ဖြစ်စေရန်၊ အခက်အခဲအဟန့်အတား၊ မျိုးစုံကြားမှ ရုန်းကန်ဆောင်ရွက်နေရသည့် ထွန်းသစ်စနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ထိုသို့သော အခြေအနေတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူက ဆန္ဒမဲဖြင့်ကြည်ဖြူစွာ ရွေးချယ်တင်မြောက်ခံရသူပီပီ နိုင်ငံတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသား၊ နိုင်ငံသားမဟုတ်သူ လူခပင်းတို့ အကျိုးစီးပွားအတွက် အမှောင်ခွင်း၍ အလင်းဆောင်ပြောင်မြောက်သော စွမ်းပကား ကိုယ်ကျင့်သိက္ခာတရားတို့ဖြင့် အမှန်တရား ထင်ရှားနိုင်စေသတည်းဟု လေးနက်တည်ကြည်စွာ ထောက်ခံဆန္ဒပြုအပ်ပါကြောင်း မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
