၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၈၀၄ ဦးတွင် သေဆုံးသူ ၃၃ ဦးရှိပြီး အသက်ငါးနှစ်မှ ကိုးနှစ်အရွယ် ကလေးငယ်များတွင် ဖြစ်ပွားနှုန်းမြင့် တက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်လိုက်တဲ့အခါ ဖြစ်ပွားသေဆုံးနှုန်းအများဆုံးက ကချင်၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၆၄၉ ဦး ရှိခဲ့ပြီး သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့ပါတယ်။ အသက်အရွယ်အားဖြင့်ဆိုရင် ငါးနှစ်ကနေ ကိုးနှစ်အရွယ် ကလေးငယ်တွေမှာ ဖြစ်ပွားသေဆုံးနှုန်းက အများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ဇွန်လလယ်လောက်ကနေစပြီး စက်တင်ဘာလအထိ ရောဂါဖြစ်ပွားမှုတွေကတော့ တက်ခဲ့ပါတယ်။ ဒါကနှစ်စဉ် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တဲ့ ကာလလည်း ဖြစ်ပါတယ်” ဟု သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး စီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက ဆိုသည်။
မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ စက်တင်ဘာ၂၁ ရက်အထိ ကူးစက်ရက် သတ္တပတ်အပတ်စဉ် ၃၉ အထိဖြစ်ပွားသူ ၁၈၃၂၀ ရှိပြီး သေဆုံးသူ ၁၀၇ ဦး ရှိခဲ့ကြောင်း၊ အဖြစ်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ ဖြစ်ကြကြောင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားသူ ၂၉၀၄ ဦး၊ သေဆုံးသူ ၂၉ ဦးဖြင့် အများဆုံးဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁၀ ရက်အထိ ကူးစက်ရက်သတ္တပတ် အပတ်စဉ် ၃၀ အထိ ဖြစ်ပွားသူပေါင်း ၁၃၀၄၈ ဦးရှိပြီး သေဆုံးသူ ၆၈ ဦးရှိခဲ့ကြောင်း၊ အဖြစ်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့ဖြစ်ကြကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၂၃၅၀၊ သေဆုံးသူ ရှစ်ဦးဖြင့် ဖြစ်ပွားနှုန်းအများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာမြင့် တက်လာပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားသူ ၂၃၀၀၀ တွင် သေဆုံးသူ ၁၁၂ ဦး အထိရှိခဲ့ကြောင်း ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေးစီမံချက်မှ သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံ(အရှေ့)၊ သန်လျင်၊ လှည်းကူး၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ဖြစ်ပွားနှုန်းအများဆုံးဖြစ်နေပြီး ယခုနှစ်အတွင်း လှိုင်သာယာမြို့နယ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ များပြားလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၁၉၅၉ ခုနှစ် ငါးနှစ်တာအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၀၅ ဦးသာရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်စဉ်လူဦးရေနှစ်သန်းကျော်အထိ ရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၁၉၇၄-၁၉၇၆ ခုနှစ်၌ လူဦးရေ ၆၀၀၀ ကျော်သာရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်အတွင်း လူဦး ရေ ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားမှုမြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
