အိန္ဒိယ - မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေထိုင်သော နေအိမ်သို့ အမည်မသိ လူတစ်ဦးမှ ယနေ့ည ( ဒီဇင်ဘာ ၃ ရက် ) ၇ နာရီဝန်းကျင်ခန့်က ဆိုင်ကယ်ဖြင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်သွားခဲ့သော်လည်း အဆိုပါ ဗုံးမှာ ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ည ၇ နာရီ ၀၅ မိနစ်လောက်က ဖြစ်မှာ ကျွန်တော့်ယောက်ဖအိမ်မှာ ဆိုင်ကယ် ရပ်သံကြားလိုက်တော့ ကျွန်တော့် ခယ်မက ထွက်ကြည့်တာ။ ကျွန်တော်ကတော့ သူတို့နဲ့အတူတူ မနေဘူး။ သူက ဧည့် သည်လာတယ်ထင်ပြီး ထွက်ကြည့်တော့ ဗုံးသီးလေးက လိမ့်လာတာ ။ အဲဒါကို သူကလည်း ကြောက်ပြီးမှ ကျွန်တော်တို့အိမ် ခေါင်းရင်းဖက်ပေါ့ ။ သူကြည့်တော့ နှစ်လိမ့်၊ သုံးလိမ့်လောက် လိမ့်လာတော့ ဗုံးပဲဆိုပြီး ကျွန်တော့်ကို သူက ခေါ်လိုက်တာ။ ကျွန် တော်ရောက်သွားတော့ အနီးကပ် ဓာတ်ပုံရိုက်ပြီးတော့ အနီးကပ်ဆိုပေမယ့် တအားကြီးလည်း မကပ်ရဲဘူးလေ။ ဒါကဗုံးပဲဆိုတာ သေချာပြီဆိုမှ ရဲစခန်းအပါအဝင် ခေါ်ပြီး တော့ နောက်တော့ တပ်ရင်းမှူးတွေရောက်လာပြီးတော့မှ ကားတာယာတွေ အုပ်ပြီးတော့ ယူသွားလိုက်တာ။ ဗုံးကတော့ မကွဲဘူး ကလစ်ကလေးတော့ ပြုတ်နေတယ်။ ကလစ်ကလေးတွေ့ရတယ်။ ဗုံးနဲ့သုံးပေလောက် အကွာမှာ တွေ့တယ်။ ၈ နာရီဝန်းကျင်ကျ တော့ BE တပ်က လာပြီးတော့ ဆင်းယူသွား တယ်။ အရင်က ပန်းသီးဗုံးလို့ ခေါ်တဲ့ တရုတ် ဗုံးလေးပါ။ အခုအိမ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေအိမ်ပါ။ သူကတော့ လက်ရှိ နေပြည်တော်မှာပေါ့။ အခုတော့ အိမ်မှာ သူ့အမေနဲ့ ညီမ တွေနေတယ်။ သူ့မိသားစုအခန်း သပ်သပ် ရှိတယ်။ သူ့အိမ်ပေါ့။ ဆိုင်ကယ်တော့ မမြင်လိုက်ဘူး၊ ဆိုင်ကယ်ကလည်း ရပ်ပစ် ပစ်သွားတာကိုး။ ကိုမောင်မောင်လတ်ရဲ့ ညီမ အရင်းက တွေ့တာ ပါ ” ဟု တမူးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောကြားခဲ့သည် ။
အဆိုပါ အခင်းဖြစ်ပွားသည့် အိမ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ စျေးတန်း ၂ ရပ်ကွက်၊ မာဃလမ်း၊ စပယ်၂ စားသောက် ဆိုင်ရှေ့တွင်ဖြစ်ပြီး တမူးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ်ဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့ကတော့ လက်နက်ကိုင်တွေရန်က လွှတ်တော်မှာလည်း တင်ထား တယ်လေ ။ ဒါပြီးတော့ ဟိုတလောကလည်း ဒီကိစ္စတွေပြောတော့ ကျွန်တော်တို့အပေါ် မှာ အမုန်းပွားတဲ့ သဘောပဲဖြစ်မယ်။ ကသည်း လက်နက်ကိုင်တွေပဲဖြစ်မှာ။ ဘာလို့လဲဆိုတော့ ဗုံးက အစုတ်ကြီး၊ ဗုံးက ကွဲသွားတယ် ဆိုရင်တော့ ကသည်းလို့ တိုက်ရိုက်ယိုးစွပ်လို့ ရတယ်။ အခုဟာကျတော့ ဗုံးက ကလစ်တွေ က သံချေးတွေ တက်နေတော့ တခြားအဖွဲ့ တွေများလား ဆိုပြီးလည်း သံသယတွေရှိ တယ်။ ဘာလို့လဲဆိုတော့ ၂၀၂၀ လည်း နီးပြီလေ။ အမျိုးမျိုးတိုက်ခိုက်နေကြတာဆိုတော့ ဒါက ချိန်းချောက်မှုပဲ” ဟု ဦးမြင့်ဇော်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
