ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ဝါရင့်ဂိုးသမား နာဗတ်စ်အား တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၃၂)နှစ်အရွယ်ရှိ ကော်စတာရီကာဂိုးသမား နာဗတ်စ်သည် ယခုရာသီတွင် ကော်တိုအာ ရောက်ရှိလာပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သူ ဖြစ်သည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် နာဗတ်စ်ကို လက်လွှတ်လိုခြင်းမရှိဘဲ ပြီးခဲ့သည့်အပတ်ကတည်းက စာချုပ်သက်တမ်းတိုးခြင်းဖြစ်သည်ဟု Marca က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အသင်းတွင် ၂၀၂၁ ခုနှစ် ဇွန်လအထိ ရှိနေတော့မည် ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် နာဗတ်စ်ကို စာချုပ်သက်တမ်းတိုးရန် ပြီးခဲ့သည့်ရာသကြိုအမေရိကန်ခရီးစဉ်ကတည်းက ကြိုးစားခဲ့ခြင်းဖြစ်ပြီး နာဗတ်စ်အနေဖြင့် တစ်နှစ်လစာ ယူရို (၅)သိန်းအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။
နာဗတ်စ်ကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှလုံးဝထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့ဖူးသည်။
နာဗတ်စ်သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် လီဗန်တေးအသင်းမှ ယူရို (၁၀)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၉)ပွဲအထိ ကစားပေးထားကာ ဆုဖလားပေါင်း (၁၁)လုံးအထိ ရယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
