လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် မန်စီးတီးအသင်း ရှုံးနိမ့်သည့်ပွဲတွင် အသင်းတိုက်စစ်မှူး ဆာလာအား ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ အနီကတ်အပြမခံရသည့်အတွက် ဒေါသထွက်နေကြောင်း သိရသည်။
ဇန်နဝါရီလ (၃)ရက်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် မန်စီးတီး (၂-၁) လီဗာပူးလ်ပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီသည် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာကို ပွဲချိန်မိနစ် (၃၀)တွင် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖျက်ထုတ်မှုမှာ ကျိန်းသေအနီကတ်ပြရမည်ဟု ကလော့ပ်က ယုံကြည်နေသော်လည်း အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် အန်တိုနီတေလာက ကွန်ပနီကို အဝါကတ်သာ ပြသခဲ့သည်။
ကလော့ပ်က "ကွန်ပနီကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ ဒါပေမဲ့ ဆာလာကိုဖျက်ထုတ်မှုက အနီကတ်အပြခံရမှာ မဟုတ်ဘူးလား။ ဆာလာကို ဖျက်ထုတ်ချိန်မှာ သူက နောက်ဆုံးလူလေ။ တကယ်လို့ သူရဲ့ ဖျက်ထုတ်မှုသာ ထိခဲ့မယ်ဆိုရင် ဆာလာ ဒီရာသီကုန်အထိ အနားယူရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ ကျွန်တော် မြင်သလို ကွင်းလယ်ဒိုင်က မြင်ဖို့တော့ မလွယ်ပါဘူး။ ကျွန်တော် ကွန်ပနီကို ကြိုက်ပါတယ်။ သူ ဟမ်းဘတ်အသင်းမှာ ကစားကတည်းက ကျွန်တော် ကြိုက်ခဲ့တာပါ။ ဒါပေမဲ့ ဆာလာကို သူ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တယ်။ တကယ်လို့ ဆာလာခြေထောက်ကိုသာ ထိခဲ့မယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ကွန်ပနီက အခုထက်ထိ လူကောင်းတစ်ဦးအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့ ဆာလာကို အခုလိုပုံစံဖျက်ထုတ်ခဲ့တာကတော့ တော်တော်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သူ ဆာလာကို သွေးထွက်သံယိုဖြစ်စေချင်တာလား။ ဒါမှမဟုတ် ကျိုးသွားစေချင်တာလား။ မနှစ်က ဒီကွင်းမှာ ကျွန်တော်တို့ အနီကတ်အပြခံခဲ့ရတယ်။ အဲဒီကို ဘယ်သူမှ တွေးကြမှာ မဟုတ်ပါဘူး။ တကယ်တော့ အဲဒီတုန်းက မာနေက အီဒါဆန်ကို တမင်နာကျင်စေချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ စက္ကန့်ပိုင်းနောက်ကျသွားတယ်။ အဲဒီဖြစ်ရပ်နဲ့ အခုဖြစ်ရပ်တွေကို သေချာကြည့်ပြီး ခင်ဗျားတို့ ကောက်ချက်ချကြည့်ပေါ့"ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ၎င်းတို့နှစ်သင်းကြားအမှတ်ကွာဟမှုမှာ (၄)မှတ်အထိ ရှိနေသေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
