မန်ယူနှင့် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်သည် လာမည့်လတွင် ဥရုဂွေးနိုင်ငံ၌ ကျင်းပမည့် ATP ပြိုင်ပွဲ အမျိုးသား နှစ်ယောက်တွဲပွဲစဉ်တွင် ပါဝင်ကစားပြီး ပရော်ဖက်ရှင်နယ်တင်းနစ် ပွဲဦးထွက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် ဘောလုံးသမားဘဝမှ အနားယူခဲ့သူ ဖော်လန်(၄၅ နှစ်)သည် မွန်တီဗီဒီယိုမြို့၌ ကျင်းပမည့် ဥရုဂွေးအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အာဂျင်တီးနားတင်းနစ်သမား ဖက်ဒရီကိုကော်ရီယာနှင့်တွဲကာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖော်လန် သည် ဆယ်ကျော်သက်ဘဝက တင်းနစ်ကစားရာတွင် အလားအလာရှိသူတစ်ဦးဖြစ်ခဲ့ပြီး ITF Masters တင်းနစ်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးကာ လတ်တလောတွင် အသက်(၄၅)နှင့်အထက် ပြိုင်ပွဲအမျိုးအစားတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ဥရုဂွေးအိုးပင်းပြိုင်ပွဲသည် ATP အောက်၌ ရှိသော်လည်း ဒုတိယတန်းအဆင့် Challenger Tour တွင်သာ စာရင်းသွင်းခံထားရခြင်းလည်း ဖြစ်သည်။ ဖော်လန်အနေဖြင့် ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန်အတွက် Wildcard ရရှိရန် လိုအပ်ကြောင်းလည်း သိရသည်။
ဖော်လန်နှင့် တွဲကစားမည့် ကော်ရီယာသည် တစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၁၀၁) နေရာတွင် ရပ်တည်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ကစားသမားဘဝ အမြင့်ဆုံးကမ္ဘာ့အဆင့်အဖြစ် အဆင့်(၄၉)သို့ တက်လှမ်းခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
