မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန်ကြိုးစားနေ သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများကွန်ဖရင့်၏ အောက်တိုဘာ ၂၃ ရက်(ပထမနေ့)က အမှာစကားပြောကြားချိန်၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့်ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားသည်။
မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး တရုတ်၊ လာအို၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အလားတူ Belt and Road Green Energy Cooperation Action Plan (2024-2029) ကို BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၃ ရက်ညနေပိုင်းတွင် တရုတ်အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Zhang Jianhua နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
