စပိန်ရှိ ကစားသမားများအဖွဲ့အစည်း(AFE) သည် လစာလျှော့ချမည့်အစီအစဉ်ကို လက်မခံသည့် ဘာစီလိုနာအသင်း ကစားသမားများဘက်မှ ထောက်ခံရပ်တည်ပေးလျက်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးကျပ်တည်းသဖြင့် စီနီယာအသင်း ကစားသမားများအပါအဝင် ဝန်ထမ်းအားလုံး၏လစာကို (၃၀)ရာခိုင်နှုန်း လျှော့ချ ရန် စီစဉ်လျက်ရှိသည်။
ဘာစီလိုနာအသင်း၏ အဝတ်လဲခန်းအတွင်း ပြိုကွဲမှုဖြစ်ပေါ်နေပြီး လစာလျှော့ချမည့်အစီအစဉ်ကို လက်ခံသူ အနည်းငယ်ရှိသလို အများစုကမူ အသင်း၏ လုပ်ဆောင်မှုများကို အယုံအကြည်မရှိဖြစ် နေကြောင်း စပိန်နိုင်ငံထုတ် Marca သတင်းစာက ဖော်ပြသည်။
ထို့ပြင် စီနီယာအသင်း ကစားသမားများသည် လစာ (၃၀)ရာခိုင်နှုန်း လျှော့ ချမည့်အစီအစဉ်ကို လက်မခံကြောင်း Burofaxမှတစ်ဆင့် အသင်းထံ ပေးပို့ထားပြီး ယင်းကဲ့သို့ ပေးပို့ခြင်းကို AFE က ထောက်ခံခဲ့ ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆွာရက်ဇ်၊ ဗီဒယ်လ်၊ ရာကီတစ် စသည့်ကစားသမားများကိုလည်း ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရောင်းချခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
