မန်စီးတီးအသင်း၏ ဒဏ်ရာရကစား သမားစာရင်းတွင် ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟို ထပ်တိုးလာပြီး ခြေထောက်ဒဏ်ရာ ကြောင့် (၄)ပတ်မှ (၆)ပတ်ခန့် အနားယူ ရမည်ဖြစ်ကြောင်း သိရသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ဟိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ပေါ်တိုအသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဒုတိယပိုင်း (၈၅) မိနစ်မှသာ လူစားဝင်လာသော်လည်း ဒဏ်ရာရရှိသွားသဖြင့် နာကျင်အချိန်ပိုတွင် လူစားပြန်လဲခဲ့ရသည်။
"ဒါက သတင်းဆိုးပါပဲ။ (၄) ပတ်ကနေ (၆)ပတ်လောက် နားရမယ်လို့ ကျွန်တော်ထင်တယ်။ ဒီလောက် ပွဲတွေအများကြီးလွဲချော်မှာက ကျွန်တော်တို့ အတွက် ထိုးနှက်ချက်ပါပဲ"ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားသည်။
မန်စီးတီးအသင်းတွင် ဂျေးဇူး၊ အကီ၊ မန်ဒီ၊ ဒီဘရိုင်းနားနှင့် လာပေါ့တ်တို့မှာ ဒဏ်ရာပြဿနာများ ရှိနေကြောင်း သိရသည်။
ဒီဘရိုင်းနားနှင့် လာပေါ့တ်မှာ ကြာသပတေးနေ့တွင် စတင်လေ့ကျင့်နိုင်ခဲ့သော်လည်း လာမည့်စနေနေ့တွင် ဝက်စ်ဟမ်းအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
