လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် နာပိုလီနောက်ခံလူ ကူလီဘလီအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အသင်း၏အဓိနောက်ခံလူ ဗန်ဒိုက်အား တစ်ရာသီလုံး အနားပေးရဖွယ်ရှိနေရာ ၎င်းနေရာတွင် အစားထိုးရန် ကူလီဘလီကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။
အီတလီအားကစားသတင်းထောက် ဖာဘီယိုဆန်တီနီက လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကူလီဘလီအား ယူရို (၇၅)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
၎င်းက "ကူလီဘလီနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ သတင်းရှိပါတယ်။ ဆီနီဂေါနောက်ခံလူ ကူလီဘလီကို မန်ယူ၊ မန်စီးတီးတို့ အပါအဝင် PSG အသင်းကလည်း လိုချင်နေပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေထက် ပိုပြီး ကူလီဘလီကို လိုချင်နေတဲ့အသင်းက လီဗာပူးလ် ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကူလီဘလီကို နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ် အလိုရှိနေတဲ့ ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ကူလီဘလီအား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့ပြီး ယခုအခါ ဗန်ဒိုက်ကို ရာသီကုန်အထိ ဆုံးရှုံးရဖွယ်ရှိသည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦး အလိုရှိနေခြင်းဖြစ်သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဆီနီဂေါနောက်ခံလူ ကူလီဘလီသည် နာပိုလီအသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၄၉)ပွဲ ကစားထားပြီး (၁၀)ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
