စာသင်ကျောင်းများ၌ အခမဲ့ကျွေးမွေးသည့်အစီအစဉ် ဆက်လက်ပြုလုပ်ရန် မဲခွဲမှုရှုံးနိမ့်သွားပြီးနောက် မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ကလေးငယ်များမှာ ဆာလောင်မှုအပြင် ၎င်းတို့အနေဖြင့် တန်ဖိုးမရှိသလို ခံစားနေရကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စာသင်ကျောင်းများ၌ ဆင်းရဲနွမ်းပါးသည့် မိသားစုမှ ကလေးများအား အခမဲ့ကျွေးမွေးမှု အစီအစဉ်ကို နွေရာသီကျောင်းပိတ်ရက် ကာလတွင်ပါ ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနိုင်ခဲ့သော်လည်း ယင်းအစီအစဉ်ကို အီစတာ ပွဲတော်အားလပ်ရက်အထိ ဆက်လက်ဆောင် ရွက်ရန် ကြိုးပမ်းမှုမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လေဘာပါတီက တင်သွင်းသည့်အဆိုကို ဗုဒ္ဓ ဟူးနေ့က မဲခွဲဆုံးဖြတ်ရာ (၃၂၂-၂၆၁)မဲဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်ရာ ရပ်ရှ်ဖို့ဒ်က "ကလေး တော်တော်များများက ဒီညအိပ်ရာဝင်တဲ့အခါ ဆာလောင်မှုအပြင် သူတို့က အရေးပါတဲ့သူတွေမဟုတ်ဘူးလို့ ခံစားနေရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အပြန်အလှန်ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့ ကဲ့ရဲ့ပြစ်တင်တာတွေ၊ ဆုံးဖြတ်တာတွေ၊ လက်ညှိုးထိုးနေတာတွေကို ရပ်တန့်ပစ်ရပါမယ်။ နိုင်ငံရေးဖုံးလွှမ်းမှုအောက်မှာ ကျွန် တော်တို့အမြင်တွေက မှေးမှိန်သွားရပါတယ်။ ဒီကလေးတွေက ဒီနိုင်ငံရဲ့ အနာဂတ်တွေပါ။ သူတို့တွေက အချက်အလက်တွေသက်သက် မဟုတ်ပါဘူး။ သူတို့ဆီမှာ ပြောနိုင်တဲ့အသံ တွေမရှိပေမဲ့ သူတို့ဘက်မှာ ကျွန်တော်ရှိပါတယ်"ဟု တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
