၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည့် ဝါရင့်အီတလီနည်းပြ မာဆယ်လိုလစ်ပီက နည်းပြဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၂၃ ရက်)တွင် အတည်ပြုကြေညာခဲ့သည်။
အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် လစ်ပီသည် ပြီးခဲ့သည့်နိုဝင်ဘာတွင် တရုတ်လက်ရွေးစင်အသင်းနည်းပြရာထူးမှ နုတ်ထွက်ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ရဲ့ နည်းပြအလုပ်က တကယ်ပြီးဆုံးသွားပါပြီ။ ဒီလောက်ဆို လုံလောက်ပြီဆိုတာ အမှန်ပါပဲ။ နောက်ထပ်အခန်းကဏ္ဍတစ်ခုမှာ အသုံးဝင်နိုင်ဦးမလားဆိုတာ ကြည့်ရပါမယ်။ ဒါပေမဲ့ နွေဦးကာလအထိတော့ ဘာမှမလုပ်သေးပါဘူး"ဟု လစ်ပီက ပြောကြားခဲ့သည်။
လစ်ပီသည် ၁၉၈၂ ခုနှစ်တွင် ဆမ်ဒိုးရီးယားလူငယ်အသင်း နည်းပြအဖြစ် နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ပွန်တီဒီရာ၊ ဆီနာ၊ ပစ္စတိုအီဆီ၊ ကာရာ ရီဆီ၊ စီဆီနာ၊ လက်ချီဆီ၊ အတ္တလန်တာ၊ နာပိုလီ၊ ဂျူဗင်တပ်စ် (နှစ်ကြိမ်)၊ အင်တာမီလန် စသည့် အီတလီကလပ်များအပြင် အီတလီလက်ရွေးစင်အသင်းကို ၂ဝဝ၄ မှ ၂ဝဝ၆ အထိ တစ်ကြိမ်၊ ၂ဝဝ၈ မှ ၂၀၁၀ အထိ တစ်ကြိမ် ကိုင်တွယ်ခဲ့သည်။
ထို့နောက် လစ်ပီသည် တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ကိုင်တွယ်ခဲ့ပြီး တရုတ်လက် ရွေးစင်အသင်းကိုလည်း ၂၀၁၆ မှ ၂၀၁၉ နှင့် ၂၀၁၉ ခုနှစ်တွင် နှစ်ကြိမ်ကိုင်တွယ်ခဲ့သည်။ ၎င်းသည် အသင်းလိုက်နှင့် တစ်ဦးချင်း အောင်မြင်မှုများစွာလည်း ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
