ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းသည် ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲကို တစ်နာရီခန့် ကြာအောင် ပြုလုပ်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းမှာ သူ၏ အမှားများကြောင့်ဖြစ်သည်ဟုလည်း ဝန်ခံသွားခဲ့သည်။
ရှက်တာဒိုးနက်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အဓိက ကစားသမားအများအပြား ပါဝင်လာခြင်းမရှိသည့်တိုင် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် (၃)ဂိုးပြတ်ဖြင့် ဦးဆောင်ကာ ပွဲအပြီးတွင် (၂-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ဇီဒန်းက "ကျွန်တော် ဒီအရှုံးကနေ အဖြေရှာသွားမှာဖြစ်ပြီး ဒါက ကျွန်တော်တို့ကို နိုင်ပွဲတွေအတွက် ပိုမိုသန်မာလာစေပါလိမ့်မယ်။ ဒီပွဲမှာ ကျွန်တော်တို့ကစားပုံက ပြိုင်ပွဲရဲ့အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော်တို့အခု စုစည်းမှုပိုရှိလာပြီး လာမဲ့ပွဲမှာ ပိုကောင်းလာပါလိမ့်မယ်။ ဒီပွဲမှာ ကျွန်တော်တို့အသင်းက အစစအရာရာ အားနည်းနေခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းခဲ့တာတွေထဲမှာအရေး အကြီးဆုံးကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုပျောက်ဆုံးခဲ့လို့ ရှုံးပွဲတွေ့ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
ဇီဒန်းက ယင်းပွဲတွင် နည်းဗျူဟာပိုင်းဆိုင်ရာ အမှားများအပြင် ကစားသမား အသုံးပြုသည့် အပိုင်းတွင်လည်းအားနည်းချက်များရှိခဲ့သည်ဟု ဆိုခဲ့ပြီး ယင်းအားနည်းမှုများအတွက် မိမိတွင်သာ တာဝန်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
