ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားယူနေရသည့် ဂျူဗင်တပ်စ်အသင်း၏ တောင်ပံကစားသမား စီရော်နယ်လ်ဒိုက ယခုတနင်္ဂနွေနေ့တွင် ထိုးသတ်မည့် ခါဘစ်နှင့် ဂေးချီတို့ UFC 254 ပွဲစဉ်တွင် သူ၏ မိတ်ဆွေဖြစ်သူ ခါဘစ်က ဂေးချီကို အနိုင်ကစားလိမ့်မည်ဟု ပြောကြားခဲ့သည်။
ခါဘစ်နှင့် စီရော်နယ်လ်ဒိုတို့သည် အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသူများဖြစ်ကြပြီး ပြီးခဲ့သည့် ၂၀၁၈၊ ဖေဖော်ဝါရီလကတည်းက စတင်တွေ့ဆုံရင်းနှီးခဲ့ကြခြင်းလည်း ဖြစ်သည်။
Lightweight တန်းပွဲစဉ်အဖြစ် ကစားမည့် ယင်းပွဲစဉ်သည် ကမ္ဘာ့မီဒီယာများ၊ ပရိသတ်များ၏ စိတ်ဝင်စားခြင်းကိုခံနေရပြီး ဂျူဗင်တပ်စ်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုမှာလည်း ယင်းပရိသတ်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
UFC ၏ Live Q & A အစီအစဉ်တွင်လည်း စီရော်နယ်လ်ဒိုပါဝင်ခဲ့ပြီး ခါဘစ်သည် ယင်းပွဲကိုအနိုင်ကစားလိမ့်မည်ဟု ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
ခါဘစ်သည် UFC ကစားသမားဘဝသက်တမ်းတစ်လျှောက်တွင် ရှုံးပွဲလုံးဝမရှိသေးသည့် ကစားသမားတစ်ဦးဖြစ်ပြီး (၂၈)ပွဲ ကစားပြီးချိန်တွင် ပွဲတိုင်းအနိုင်ရရှိထားသူလည်းဖြစ်သည်။
ဂေးချီမှာမူ အလားအလာကောင်းသည့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲတွင် နာမည်ကျော်ကစားသမား တိုနီဖာဂူဆန်ကို အနိုင်ရခဲ့ပြီးနောက် ရေပန်းစားလာခဲ့သူလည်းဖြစ်သည်။
ယင်းပွဲကို UAE နိုင်ငံ၊ အဘူဒါဘီမြို့ရှိ Flash Forum အားကစားရုံတွင်ကျင်းပသွားမည်ဖြစ်ပြီး ယင်းအားကစားရုံတွင် နာမည်ကျော် UFC ပွဲများကိုလည်း ကျင်းပခဲ့ဖူးသည်ဟု သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
