စပိန်နာမည်ကျော် သတင်းစာ တစ်စောင်ဖြစ်သည့် ABC သည် ချန်ပီယံလိဂ်တွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြခဲ့သည့် လူငယ်ကြယ်ပွင့် အန်ဆူဖာတီအား ဖော်ပြရာတွင် လူမျိုးရေးခွဲခြားသည့်စကားလုံးများ သုံးနှုန်းခဲ့ပြီး ယင်းအတွက် ဝေဖန်မှုများစွာ ခံနေရကြောင်း သိရသည်။
ABC သတင်းစာသည် မက်ဒရစ်အခြေစိုက်ဖြစ်ပြီး သက်တမ်းအရင့်ဆုံးသတင်းစာတစ်စောင်ဖြစ်သည်။ ယင်းသတင်းစာက အန်ဆူဖာတီ၏ ပွဲအတွင်း လှုပ်ရှားမှုအား ဖော်ပြရာတွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများ ပါဝင်ခဲ့ခြင်းဖြစ်သည်။
"အန်ဆူရဲ့ ကန်ချက်က ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ လှလှပပ လှည့်ထွက်ပြီး ကန်သွားတာပါ။ သူက ဂဇဲဆိတ်လို ပြေးခဲ့ပါတယ်။ သူက ဘာစီလိုနာ မြို့တွင်းမှာ ရေလိုက်ရောင်းတဲ့ လမ်းဘေးလူမည်းဈေးသည်လေး ရဲတွေ ရောက်လာတဲ့အခါ ပြေးသွားသလို ပြေးသွားတာပါ" ဟု အဓိပ္ပာယ်ရသည့် စကားလုံးများကိုသုံးနှုန်းကာ ဘာစီလိုနာပွဲ ပွဲပြီးသုံးသပ်ချက်တွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။
ယင်းဖော်ပြချက်အား ဝေဖန်မှုမြင့်တက်ခဲ့ပြီး အန်ဆူဖာတီ၏ အသင်းဖော် ဂရီးဇ်မန်းကလည်း Twitter တွင် ဖော်ပြခဲ့သည်။
ယင်းနောက် Twitter သုံးစွဲသူများအကြား ဂယက်ရိုက်သွားခဲ့ပြီး ဝေဖန်မှုများလည်း အတိုင်းထက်အလွန် မြင့်တက်ခဲ့သည်။
ဂရီးဇ်မန်းက အန်ဆူဖာတီအား နှစ်သိမ့်ခဲ့ပြီး "အန်ဆူက တခြားလူသားတွေလိုပဲ လေးစားမှုနဲ့ ထိုက်တန်တဲ့ ထူးချွန်သူကောင်လေးတစ်ဦးပါ။ လူမျိုးရေးခွဲခြားမှုနဲ့ ဒီလိုအမူအကျင့်ဆိုးတွေကို ဆန့်ကျင်ရပါမယ်" ဟု ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
