ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက် (အင်္ဂါနေ့)က အာဆင်နယ်အသင်းတင်သွင်းခဲ့သော ပရီးမီးယားလိဂ်ကစားသမား (၂၅)ဦးစာရင်းတွင် ဂျာမန်ကွင်းလယ်လူ အိုဇေးလ်၏အမည်မပါဝင်ခဲ့ရာ ဗြိတိန်သတင်းစာများက ၎င်းနှင့်အာဆင်နယ်အသင်း၏ ဇာတ် လမ်း လုံးလုံးလျားလျားပြီးဆုံးသွားခဲ့ပြီဟု ဖော်ပြခဲ့ကြသည်။
အိုဇေးလ်သည် ယခုနှစ်မတ်လကတည်းက အာဆင်နယ်အသင်းတွင် ပွဲကစားရခြင်းမရှိတော့ဘဲ အာဆင်နယ်အသင်းနည်းပြ အာတီတာက သူ့အား ယူရိုပါလိဂ်လူစာရင်းမှလည်း ချန်လှပ်ခဲ့သည်။
သို့ဖြစ်ရာ အာဆင်နယ်အသင်းတွင် အိုဇေးလ်အနေဖြင့် နောက်ထပ်ပွဲကစားရရန် အခြေအနေမရှိတော့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
အိုဇေးလ်သည် ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားစဉ်အချိန်အတွင်း အသင်း၏ငွေရေးကြေးရေးအခက်အခဲကို လျော့ပါးစေရန်အတွက် ကစားသမားများက လစာလျှော့ယူရန် စီစဉ်ခဲ့ရာတွင် ယင်းအစီအစဉ်အား လက်မခံဘဲ ပယ်ချခဲ့သူဖြစ်သည်။
ယင်းနောက်ပိုင်းမှစတင်၍ အာဆင်နယ်အသင်းတွင် ၎င်း၏ပွဲကစားခွင့် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
