ဂျူဗင်တပ်စ်နည်းပြ ပီယာလိုသည် ပွဲထွက်ခွင့်မရခြင်းအပေါ် ဒေါသထွက်နေသည့် ကြယ်ပွင့်တိုက်စစ်မှူး ဒီဘားလားကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ၌ ထပ်မံချန်လှပ်ခဲ့ပြီး ယင်းကဲ့သို့ ဆက်တိုက်ချန်လှပ်နေရခြင်းမှာ ဒီဘားလား၏ ကြံ့ခိုင်မှုအခြေအနေကြောင့်ဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့သည်။
ဒီဘားလားသည် ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေ (၄)ပွဲစလုံး၌ ကစားခွင့်မရခဲ့သလို၊ ချန်ပီယံလိဂ်၌လည်း ချန်လှပ်ခံခဲ့ရသည်။
ဒီဘားလားသည် ဒဏ်ရာကြီးကြီးမားမားရရှိထားခြင်းမရှိသော်လည်း အာဂျင်တီးနားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လိုက်ပါစဉ် အစာအိမ်ဝေဒနာ ခံစားခဲ့ရပြီး အာဂျင်တီးနားအသင်းက ၎င်းအား လူစာရင်းမှ နုတ်ထွက်စေကာ အနားယူခွင့်ပေးခဲ့ သည်။
ဒီဘားလားသည် စီးရီးအေနောက်ဆုံးပွဲစဉ်၌ အရန် စာရင်းတွင် ပါဝင်လာခဲ့ပြီး လူစားဝင်ကစားခွင့်မရခဲ့ပေ။
သို့ဖြစ်ရာ ဒီဘားလားသည် ယင်းပွဲအပြီးတွင် အဝတ်လဲခန်းသို့သွားရာလမ်းကြောင်းတွင် ဒေါသပေါက်ကွဲခဲ့ပြီး အသင်းအားကစားဒါရိုက်တာ ပါရာတီချီအား ၎င်းပွဲကစားခွင့်မရသည့်အကြောင်းရင်းကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ဒီဘားလားသည် အရန်စာရင်း၌သာ ပါဝင်လာခဲ့ပြီး ထိုပွဲတွင်မူ လူစားဝင်ကစားခွင့်ရရှိခဲ့သည်။
ပီယာလိုက ဒီဘားလားအနေဖြင့် ယခုကဲ့သို့ ပွဲထွက်ခွင့်ဆုံးရှုံးရခြင်းမှာ ကြံ့ခိုင်မှုအခြေအနေကောင်းမွန်ခြင်းမရှိခြင်းကြောင့်ဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့သည်။
ပီယာလိုက ''ကျွန်တော် ဒီဘားလားနဲ့ စကားပြောခဲ့ပါတယ်။ သူက ခရိုတိုနီနဲ့ပွဲမှာ ကစားခွင့်မရခဲ့တာကို တော်တော်ဒေါသထွက်နေတယ်။ ဒါပေမဲ့ သူ (၃)လလောက် ဘောလုံးမကစား ထားတာကို သိထားဖို့လိုပါတယ်။ ဒါ့အပြင် သူက အာဂျင်တီးနားက သူ့အခန်းထဲမှာ ဆေးသောက်ပြီး (၁၀)ရက်လောက် နေခဲ့ရပါသေးတယ်။ သူ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ခရိုတိုနီနဲ့ပွဲမှာ သူ့ကို မိနစ်အနည်းငယ်ကစားစေဖို့ ခေါ်သွားခဲ့ပေမဲ့ လူတစ်ယောက်ထုတ်ခံရလို့ သူ့ကို ထည့်မကစားနိုင်ခဲ့ပါဘူး။ သူ ပြန်ကစားနိုင်နေပြီဖြစ်ပေမဲ့ ဒိုင်နမိုကိဗ်နဲ့ပွဲကလည်း သူ့အတွက် ပွဲထွက်ဖို့ သင့်တော်တဲ့ပွဲ မဟုတ်သေးပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
