အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်သင့်ဘဲ Plan B ၊ Plan C များကို ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု သတိပေးပြောကြားခဲ့သည်။
COVID-19 ဒုတိယလှိုင်းကြောင့် အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု တစ်ဖန်ပြန်မြင့်တက်လာပြီး ဘောလုံးအသိုင်းအဝိုင်းအတွင်း၌လည်း ကူးစက်မှုများပြားလျက်ရှိသည်။
သို့ဖြစ်ရာ စီးရီးအေပြိုင်ပွဲမှ တာဝန်ရှိသူများအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်ဘဲ Plan B ၊ Plan C များဆွဲကာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အားကစားဝန်ကြီး စပါဒါဖိုရာက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
စပါဒါဖိုရာက ''အစိုးရက အားကစားလှုပ်ရှားမှုတွေကို ကြားဝင်ပြီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမဲ့ လက်ရှိမှာ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပြီး အန္တရာယ်ကို လျှော့မတွက်သင့်ပါဘူး။ ပြိုင်ပွဲရပ်ဆိုင်းလိုက်ရတာကို ရှောင်ဖို့ဆိုရင် ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောချင်တာက သက်ဆိုင်ရာလိဂ်တွေအနေနဲ့ Plan B တွေ၊ Plan C တွေ ပြင်ဆင်ထားသင့်တယ်လို့ပါ။ ဒီပုံစံအတိုင်း ဆက်သွားလို့ ဖြစ်နိုင်သလား ကျွန်တော် မသိပါဘူး။ စီးရီးအေအတွက်ရော၊ တခြားအရာတွေအတွက်ရော ဘာမှသေချာရေရာတာ မရှိပါဘူး။ ဒါကြောင့် အစီအစဉ်သစ်တွေကို ပြင်ဆင်ထားသင့်ပါတယ်။ ပိုးကူးစက်မှုတွေ မြင့်တက်လာလို့ ကျွန်တော်ဟာ Protocol ကို ပြောပြထားပြီးသားပါ။ ဒါပေမဲ့ အသင်းတွေနဲ့ ကစားသမားတွေက ဒါကို မလိုက်နာရင် ဘာမှလုပ်လို့မရပါဘူး''ဟု La7 ရုပ်သံသို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
