ဒဏ်ရာကြောင့် အနားယူနေရသည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက်သည် လာမည့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ အသင်းပွဲစဉ် များတွင် ပြန်လည်ကစားနိုင်မည်ဟု Marca သတင်းစာက ဖော်ပြခဲ့သည်။
ဟာဇက်သည် ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်က အသင်းနှင့်လေ့ကျင့်ဆန်းပြန်ဆင်းခဲ့သော်လည်း ကြွက်သားပိုင်းဆိုင်ရာပြဿနာရှိခဲ့ပြီး ထပ်မံအနားယူခဲ့ရခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကလည်း ဟာဇက်၏ဒဏ်ရာမှာ ၎င်းတို့မျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်စွာ အနားယူရမည်ဟု ဝန်ခံခဲ့စည်။
ပြီးခဲ့သည့်အပတ်က Marca တွင် ရေးသားခဲ့သည့်သတင်း၌မူ ဟာဇက်သည် ဘာစီလိုနာအသင်းနှင့်ကစားမည့် El Clasico ပွဲကို လွဲချော်မည့်အပြင် အနည်းဆုံး သုံးပတ်ခန့် အနားယူရမည်ဟု ဖော်ပြခဲ့ပြီး ယခုအခါ နိုင်ငံတကာရက်သတ္တပတ်ပြီးမှသာ အသင်းနှင့်ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။
၂၀၁၉ နွေရာသီကာလတွင် ရီးယဲလ်အသင်းသို့ ရောက်ရှိလာသည့် ဟာဇက်မှာ ဒဏ်ရာပြဿနာများကြောင့် ၂၃၃ ရက်ကြာ အနားယူခဲ့ရပြီး ပြီးခဲ့သည့်ရာသီအစပွဲစဉ်ဖြစ်သည့် ဆယ်လ်တာဗီဂိုနှင့်ကစားခဲ့သည့်ပွဲမှ စတွက်လျှင် သူ၏အနားယူရမှုမှာ ၅၄ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်။
ဟာဇက်သည် ရီးယဲလ်အသင်းသို့ ပြီးခဲ့သည့်နွေရာသီက ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ (၂၂)ပွဲသာကစားရကာ (၁)ဂိုးသွင်းယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
