ဘိုင်ယန်မြူးနစ် ၄-၀ အက်သလက်တီကို
လူးဝစ်ဆွာရက်ဇ်အတွက်တော့ ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာနဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဒီတစ်ကြိမ် အက်သလက်တီကိုနဲ့ ဂိုးပြတ်ရှုံးတဲ့ အလှည့်ဖြစ်သွားတယ်။
အက်သလက်တီကိုမက်ဒရစ်အတွက်တော့ ဘိုင်ယန်မြူးနစ်က ပါ၀ါကြီးမားလွန်းပြီး ယှဉ်နိုင်ဖို့ခက်ပါတယ်။
ပုံမှန်အားဖြင့် အက်သလက်တီကိုက မာကျောတဲ့အသင်းတစ်သင်းဆိုပေမဲ့ ဘိုင်ယန်မြူးနစ်က သူတို့ထက် ပိုမာကျောပြီး နည်းစနစ်ပိုင်းပိုကောင်းတယ်။
နည်းဗျူဟာပိုင်းအရလည်း အက်သလက်တီကိုအသင်းရဲ့ အားနည်းတဲ့ ခံစစ်ညာခြမ်းဇုန်ကို အကြိမ်ကြိမ်ထိုးနှက်ခဲ့ပြီး ကိုးမန်းက ခြေစွမ်းပြကစားသွားတယ်။
ဆာနေး၊ နာဘရီတို့လို ကစားသမားတွေ မပါဝင်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်က ထက်မြက်နေဆဲဖြစ်ပြီး ကွင်းလယ်က ကစ်မစ်ချ်-ဂိုဟက်ဇ်ကာတို့အတွဲက ကိုကေ ဦးဆောင်တဲ့ အက်သလက်တီကိုကွင်းလယ်ကို အလွယ်တကူ လွှမ်းမိုးခဲ့တယ်။
ဒါ့အပြင် ဇူလာ-အလာဘာတို့ရဲ့ခံစစ်ကို ဆွာရက်ဇ် နဲ့ ယာအိုဖီးလစ်တို့ တစ်ဦးချင်းရော၊ အတွဲလိုက်ပါ မကျော်နိုင်ခဲ့ဘူး။
၀ိတ်တက်နေတဲ့ ဆွာရက်ဇ်ရဲ့ တစ်ဦးချင်းလှုပ်ရှားမှုတွေက အားရစရာမရှိဘဲ တိုက်စစ်မှာ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာလည်း မတွေ့ရဘူး။
အက်သလက်တီကိုရဲ့ တိုက်စစ်ပိုင်းမှာ ဘိုင်ယန်မြူးနစ်ခံစစ်ကို အနည်းငယ်လှုပ်အောင်လုပ်နိုင်တာဆိုလို့ ကာရက်စ်ကို တစ်ဦးသာရှိပြီး သူကလွဲရင် လေးလံပြီး ထက်မြက်မှုပျောက်ဆုံးနေတဲ့ အက်သလက်တီကို တိုက်စစ်ဟာ အသက်မရှိသလိုဖြစ်ခဲ့တယ်။
ပထမပိုင်းမှာပဲ ဘိုင်ယန်မြူးနစ်က (၂)ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပွဲကို ဆက်လက်စိုးမိုးပြီး ဂိုးတွေသွင်းခဲ့ပါတယ်။
ဘိုင်ယန်အတွက်ဂိုးတွေကို ကိုးမန်းက နှစ်ဂိုး၊ ဂိုဟက်ဇ်ကာနဲ့ တိုလစ်ဆိုတို့က တစ်ပိုင်းကို (၁)ဂိုးစီသွင်း ခဲ့ကြပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
