မြန်မာနိုင်ငံတွင် အဖွဲ့အားလုံး အကြမ်းဖက်မှုများကို ရပ်ရန်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ် ဆောင်ရန် နိုဝင်ဘာ ၁၅ ရက်တွင် အာဆီယံကာကွယ်ရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
အင်ဒိုနီးရှားမြို့တော် ဂျာကာတာ၌ ပြုလုပ်သည့် အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးမှသည် အစ္စရေးနှင့်ဟားမာ့စ် ပဋိပက္ခအထိသာမက အငြင်းပွား တောင်တရုတ်ပင်လယ်အရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ သီတင်းပတ်များစွာ ကြာပြီဖြစ်သော တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံတွင် အဖွဲ့အားလုံးသည် အကြမ်းဖက်မှုများကို ရပ်ရန်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ် ဆောင်ရန် ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံကာကွယ်ရေးဝန်ကြီးများက တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးနောက် အာဆီယံအဖွဲ့နှင့်သဘောတူထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသောကြောင့် နစက ခေါင်းဆောင်များကို အာဆီယံအစည်းအဝေးပွဲများ တက်ရောက်ခြင်းမှ တားမြစ်ထားသည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ တက်ရောက်သည့် အစည်းအဝေးတွင် အရှေ့တောင်အာရှကာကွယ်ရေးဝန်ကြီးများသည် မြန်မာ့အရေးအပြင် အစ္စရေး-ဟားမာ့စ်စစ်ပွဲ အဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဂါဇာတွင် အပစ်ရပ်စဲရေးဖြစ်ပေါ်လာရန် အကူအညီပေးရေးအတွက် ယခုသီတင်းပတ်ထဲတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုသည် နိုဝင်ဘာ ၁၅ ရက် အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ တောင်းဆိုခဲ့သည့် ဂါဇာအပစ်ရပ်စဲရေးကိစ္စကို ထပ်လောင်းတောင်းဆိုခဲ့ပြီး ဟားမာ့စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ထိုးစစ်ဆင်လျက်ရှိသည့် ပါလက်စတိုင်း နယ်မြေစုဖြစ်သော ဂါဇာကမ်းမြောင်၌ ဖြစ်ပွားနေသော အဖြစ်အပျက်များကို အလွန်ဝမ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။
မလေးရှားကာကွယ်ရေးဝန်ကြီးမိုဟာ မက်ဟာဆန်ကလည်း အပစ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့ပြီး မလေးရှားသည် ပုံစံအားလုံးဖြင့် အကြမ်းဖက်ဝါဒကိုလည်းကောင်း၊ အရပ်သားများကို သတ်ဖြတ်နေမှုများကိုလည်း ကောင်းရှုတ်ချသည်ဟု ပြောကြားခဲ့သည်။
ဂါဇာ၌ အရပ်သားသေဆုံးမှု ၁၁၃၂၀ ရှိသွားပြီဟု ဂါဇာကျန်းမာရေး တာဝန်ရှိသူများက ပြောကြားသည်။
နိုဝင်ဘာ ၁၆ ရက် အစည်းအဝေးတွင် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ တောင်ကို ရီးယား၊ အိန္ဒိယ၊သြစတြေးလျ၊ရုရှားတို့က ကိုယ်စားလှယ်များ ပါဝင်ကြမည်ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ဂျာကာတာဆွေးနွေးပွဲတွင် တရုတ်ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်းရှိမရှိဆိုသည်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခြင်းမရှိပေ။
အော်စတင်သည် နိုဝင်ဘာ ၁၆ ရက် နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားကာကွယ် ရေးဝန်ကြီး ဆူဘီယန်တိုနှင့် တွေ့ဆုံမည်ဟု သိရသည်။
Ref. AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
