အိန္ဒိယနိုင်ငံတွင် မြေအောက်ဥမင်လမ်း ဖောက်လုပ်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လေးရက်ကြာ ပိတ်မိနေပြီဖြစ်သော အလုပ်သမားများကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ပိတ်မိနေသော အလုပ်သမား ၄၀ ထံ ဆေးဝါးများ ပို့ဆောင်ခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့ သည်။
နိုင်ငံမြောက်ပိုင်းမြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်တွင် မြေအောက်ဥမင်အတွင်း ပိတ်မိနေသော အလုပ်သမားများလွတ်မြောက်နိုင်ရန်အတွက် မြေတူးသမားများသည် နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းကတည်းက ယင်းနေရာတွင် အပျက်အစီးများကို ဖယ်ရှားနေပြီး လက်ရှိအချိန်အထိ ပိတ်မိနေသည့် အလုပ်သမားများအားလုံး အသက်ရှင်နေဆဲဖြစ်သည်။
“ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်မှာတော့ ပိုက်တွေကနေတစ်ဆင့် အလုပ်သမားတွေဆီကို ဆေးဝါးတွေ ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ရဲအရာရှိပရာရှန့်ကူးမားက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။ “အလုပ်သမားတွေနဲ့ အမြဲတမ်းအဆက်အသွယ်လုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။
အလုပ်သမားများ၏ အခြေအနေနှင့် နာမကျန်းဖြစ်နေသူ မည်မျှရှိနေသည့်အသေး စိတ်အချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်းမရှိပေ။
“အစားအစာနဲ့ အောက်ဆီဂျင်ကိုလည်း ပိတ်မိနေတဲ့အလုပ်သမားတွေဆီကို ပို့ဆောင်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးအများအပြားကို ဖယ်ရှားနေချိန်တွင် ဥမင်၏ ကျိုးပျက်နေသော ခေါင်မိုးမှအပျက်အစီးအများအပြား ပြိုကျခဲ့သောကြောင့် အပျက်အစီးများကို ဖယ်ရှားနေသော အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။
“သဘာဝအကြောင်းတရားတွေကြောင့် ရှင်းလင်းမှုလုပ်ငန်းစဉ်တွေ နှေးကွေးပေမဲ့လည်း အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေပါတယ်”ဟု ဥတ္တရာခန်ပြည်နယ်ရဲအရာရှိချုပ် အာရှော့ကူးမားက ပြောကြားခဲ့သည်။
အင်ဂျင်နီယာများသည် ပိတ်မိနေသော အမျိုးသားများတိုးထွက်နိုင်ရန်အတွက် အပျက်အစီးများကိုကျော်၍ သုံးပေနီးပါးအကျယ်ရှိ စတီးပိုက်တစ်ခုကို ထည့်နိုင်ရန် စက်ယန္တရားကြီးများကို အသုံးပြုနေသည်။
“ကျွန်တော်တို့တွေ စိတ်ရှည်ရှည်ထားပြီး ယုံကြည်မှုရှိသင့်ပါတယ်။ ကျွန်တော်တို့တွေ အလုပ်သမားတွေအားလုံးကို ကယ်တင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ကူးမားက ပြောကြားခဲ့သည်။
ဟိန္ဒူဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ နေရာနှစ်ခုကို ဆက်သွယ်ရန် ၂ ဒသ မ ၇ မိုင်ရှည်သည့် ဥမင်လိုဏ်ခေါင်းတစ်ခုကို တည်ဆောက်နေခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီ၏ Char Dham လမ်းစီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။
နေရာအများအပြားတွင် မြေပြိုမှုများ ဖြစ်ပေါ်နေသော ဥတ္တရာခန်းပြည်နယ်တွင် တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းများ၏ သက်ရောက်မှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
ဆောက်လုပ်ရေးလုပ်သား ဟီမန့်နာရတ်က သူသည် နိုဝင်ဘာ ၁၂ ရက်အစောပိုင်းတွင် ဥမင်လိုဏ်ခေါင်းထဲ၌ ရှိနေသော်လည်း လိုဏ်ခေါင်းအမိုးပြိုကျချိန်တွင်သူသည် ယင်းပြိုကျမှုဖြစ်ပွားသည့်နေရာ၏ ညာဘက်တွင် ရှိနေသောကြောင့် လွတ်မြောက်သွားခဲ့သည်ဟု ပြောပြခဲ့သည်။
“ဖုန်မှုန့်အနည်းငယ်က လိုဏ်ခေါင်းထဲကျလာပေမဲ့ လူတွေကတော့ ဘာမှမဖြစ်ပါဘူးလေဆိုပြီး မှတ်ယူခဲ့ပါတယ်။ အဲဒီနောက် ရုတ်တရက် အပျက်အစီးအများအပြားကျလာပြီး လိုဏ်ခေါင်းပိတ်သွားခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: CNA
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
