ဘရာဇီးနိုင်ငံ၏ ကြီးမားသည့် နေရာဒေသများတွင် အပူလှိုင်းများကျရောက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်က ရီယိုဒီဂျနေးရိုးမြို့တွင် အပူချိန်များ မြင့်တက်ခဲ့သည်။
အပူချိန်တိုင်းသည့် ပြဒါးတိုင်များတွင် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်ဟု ပြသနေသော်လည်း ယင်းသည် ပြင်ပတွင်လက်ရှိ ခံစားနေရသည့် အပူချိန်ကို ထင်ဟပ်စေခြင်းမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုးတွင် အပူချိန်သည် ၅၈ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိရှိသည်ဟု ခံစားနေရသည်။
ထိုကဲ့သို့ ခံစားရသည့် အပူချိန်သည် စိုထိုင်းဆ၊ အပူချိန်နှင့် လေတိုက်နှုန်းအပေါ် မူတည်ပြီး လူ့အရေပြားပေါ်တွင် မည်မျှပူသည် သို့မဟုတ် အေးသည်ကို ခံစားရသည့် တိုင်းတာမှုဖြစ်သည်။
ထို့ကြောင့် အရေပြားပေါ်တွင် ခံစားရသည့် အပူချိန်သည် ရီယိုတွင် မှတ်တမ်းများကို စတင်ကောက်ခံသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအပူချိန်ခံစားမှုအဖြစ် စံချိန်တင်ခဲ့သည်။ ယခင်စံချိန်မှာ ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီလကဖြစ်ပြီး ယင်းအချိန်က အပူချိန်ခံစားရမှုသည် ၅၈ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့သည်။
ဘရာဇီး၏ အနောက်အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၁၅ ခု၊ ဘရာစီလီယာမြို့တော်တို့တွင် အလွန်ပြင်းထန်သည့်အပူချိန်ကြောင့် အမျိုးသားမိုးလေဝသဌာနက သတိပေးချက်များထုတ်ပြန်ထားသည်။
ဆော်ပိုလိုမြို့တွင်လည်း ပြင်းထန်သည့် အပူချိန်များ ကျရောက်နေပြီး နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ပြဒါးတိုင်များဖြင့် တိုင်းတာမှုတွင် အပူချိန်သည် ၃၇ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိခဲ့ပြီး လေထုအတွင်း စိုထိုင်း ဆသည် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ရာသီဥတုအရေးပေါ်စီမံခန့်ခွဲရေးစင်တာ(CGE)က ထုတ်ပြန်ခဲ့သည်။
ပုံမှန်ရာသီဥတုအပူချိန်ထက် ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်သည့် ရာသီအချိန် အခါမဟုတ် မြင့်မားသည့် အပူချိန်များသည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက ဘရာဇီးနိုင်ငံသားများအပေါ် ကျရောက်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်အထိ ဆက်လက်ပူပြင်းနေဖွယ်ရှိသည်ဟု ဘရာဇီးမိုးလေဝသအေဂျင်စီက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အပူချိန်များ မြင့်တက်မှုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများသည်လည်း စံချိန်တင်အဆင့်အထိ မြင့်တက်ခဲ့သည်။
အယ်နီညို ရာသီဥတုဖြစ်စဉ်၏ နောက်ဆက်တွဲသက်ရောက်မှုအဖြစ် ဘရာဇီးနိုင်ငံသည် ဆိုးရွားသည့် မိုးလေဝသဖြစ်စဉ်များ၊ သမိုင်းဝင်မိုးခေါင်မှုများ၊ အမေဇုန်မြစ်တွင် ရေခမ်းခြောက်မှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း များနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုများအစရှိသည့် သဘာဝဘေးအန္တရာယ်များကို ပြီးခဲ့သည့်လများအတွင်းက ခံစားခဲ့ရသည်။
ကမ္ဘာလုံးဆိုင်ရာ အပူချိန်များကို မြင့်တက်စေသည့် အယ်နီညို ရာသီဥတုဖြစ်စဉ်သည် ကမ္ဘာ့အချို့နေရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် အချို့နေရာများတွင် မိုးခေါင်မှုများကို ဖြစ်ပွားစေတတ်သည်။ လက်ရှိအယ်နီညိုရာသီဥတု ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် ဧပြီလအထိ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့အကြီးဆုံး စိမ့်မြေဖြစ်သည့် ပတ်တာနယ်ဒေသတွင် လူသားများ၏ လုပ်ဆောင်မှုများကြောင့် မီးများလောင်ကျွမ်းခဲ့သဖြင့် နိုဝင်ဘာလတွင် ဖြစ်ပွားဖွယ်ရှိသည့် မိုးခေါင်မှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
