ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲအား ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစေရန် အစ္စရေးအစိုးရက လိုလားနေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။
လတ်တလော အစ္စရေးသတင်းမီဒီယာ Ynet ဖော်ပြချက်အရ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာတွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုရေးရာ အကျပ်အတည်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ စိုးရိမ်ဖိအားပေးမှုများ လျော့ပါးသွားအောင် တိုနီဘလဲကို ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်လိုခြင်းဖြစ်သည်။
တိုနီဘလဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ယင်းကိစ္စအတွက် ပြောဆိုထားခြင်းများရှိသော်လည်း ကမ်းလှမ်းမခံရသေးဟု ပြောသည်။
တိုနီဘလဲသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ Middle East Quartet သံတမန်အဖြစ် ဆောင်ရွက်ခဲ့သည်။
Middle East Quartet ဆိုသည်မှာ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် ကူညီညှိနှိုင်းမှုများပြုလုပ်ရန် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ရုရှားတို့နှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။ အနောက်အုပ်စုနှင့် ရုရှားတို့ဆက်ဆံရေး အဆင်မပြေလာသည့်အတွက် ယင်းအဖွဲ့သည် လတ်တလောနှစ်များအတွင်း လှုပ်ရှားမှုမရှိခဲ့ပေ။
ထို့ပြင်တိုနီဘလဲသည် ဟားမာ့စ်အုပ်စုအပါအဝင် ပါလက်စတိုင်းအဖွဲ့အစည်းများစွာနှင့်လည်း အလုပ်သဘောဆက်ဆံမှုများ ရှိထားသူဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် ဒေးဗစ်ကင်မရွန်း (ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ်) သဘောတူမှုဖြင့် ဂါဇာအရေးဆွေးနွေးရန် တိုနီဘလဲက ဟားမာ့စ်အကြီးပိုင်းခေါင်းဆောင် ခါလစ်မရှယ်ဆိုသူကို ဗြိတိန်သို့ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော် ယင်းသို့ဖိတ်ခေါ်ဆွေးနွေးမှု မဖြစ်မြောက်ခဲ့ဘဲ ကာတာနိုင်ငံမြို့တော် ဒိုဟာတွင်သာ ဘလဲနှင့် ဟားမာ့စ်အရာရှိများ တွေ့ဖြစ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
