■ ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၇ ရက်တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင် ကြေညာ၊
■ ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု အတိုက်အခံများ ပြောကြား
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
အတိုက်အခံပါတီများကမူ အစိုးရအနေဖြင့် အိမ်စောင့်အစိုးရတစ်ရပ်ကို အာဏာလွှဲပေးချင်းမရှိလျှင် ၎င်းရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ထပ်လောင်းကတိပြုထားသည်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု ကတိပြုထားသော်လည်း ၎င်း၏မဟာပြိုင် ဘက်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီကမူ အစိုးရအပေါ် အယုံအကြည်မရှိဟု ပြောဆိုထားသည်။
မကြာသေးမီ သီတင်းပတ်များက ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီသည် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ ကာလအတွက် ဘက်မလိုက်သော အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် တောင်း ဆိုခဲ့ခြင်းကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ သည့် အဓိကရုဏ်းအခြေအနေများ ဖြစ်ပွားခဲ့ သည်။ သို့ဖြစ်ရာ တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ် လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့ သည်။
လွှတ်တော်အမတ်များကို တိုက်ရိုက်ရွေး ကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများ ကို ဇန်နဝါရီ ၇ ရက်၌ လွှတ်တော်မဲဆန္ဒနယ် ၃၀၀ တွင် ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ကာဇီ ဟာဘီဘူ အာဝါလ်က နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
“တူညီဆန္ဒနဲ့ ဖြေရှင်းနည်းတွေကို လိုအပ်ပါတယ်။ ပဋိပက္ခတွေနဲ့ အဓိကရုဏ်း အခြေအနေတွေကို ရှောင်လွှဲဖို့အတွက် အခင်မင်မပျက်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေသွား ဖို့ ရွေးကောက်ပွဲကော်မရှင်ကိုယ်စား နိုင်ငံ ရေးပါတီအားလုံးကို ပန်ကြားလိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟာဆီနာ၏ အာဏာရ အာဝါမီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို ကြိုဆိုခဲ့သော်လည်း အတိုက်အခံဘက်ကမူ ၎င်းရွေးကောက်ပွဲ သည် အဓိပ္ပာယ်မရှိသည့် ရွေးကောက်ပွဲဖြစ် သည်ဟု ဝေဖန်ခဲ့ပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသား ရေးပါတီသည် အောက်တိုဘာ ၂၈ ရက်က မြို့တော်ဒါကာတွင် ဧရာမ ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ဟာဆီနာ ရာထူးမှနုတ်ထွက်ပေး ရန် တောင်းဆိုခဲ့သော်လည်း ဟာဆီနာက ယင်းတောင်းဆိုချက်ကို ပယ်ချခဲ့သည်။ အဆို ပါ စုဝေးဆန္ဒပြပွဲအတွင်း အတိုက်အခံပါတီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ သည်။
ထို့ပြင် အတိုက်အခံပါတီက သပိတ် မှောက်မှုနှင့် လမ်းပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ် စဉ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ကြောင့် နောက်ထပ်လူအချို့ သေဆုံးခဲ့သည် ဟု သိရသည်။ အဆိုပါ အဓိကရုဏ်းဖြစ်စဉ် များနှင့်ပတ်သက်၍ အထင်က ရ အတိုက်အခံ ခေါင်းဆောင်အများအပြား ဖမ်းဆီးခံခဲ့ရ သည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိ ကန်တို့က အကြမ်းမဖက်ဘဲ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
