မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ဖြတ် ကျော်လာသောစစ်ဘေးရှောင်များကို ပြန်လည်နေရာချထားပေးရာတွင် အကူအညီ ပေးမည်ဟု နိုဝင်ဘာ ၁၆ ရက်တွင် တရုတ်က ပြောကြားသည်။
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ဖြစ်ပွားနေသော တိုက်ပွဲကို လူနှစ်သိန်းကျော် ရှောင်ပြေးလာသည် ဟု ကုလသမဂ္ဂက ပြောကြားသည်။
“မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားကတည်းက မြန်မာဘက်ခြမ်းက လူအချို့ဟာ တိုက်ပွဲရှောင်ဖို့ တရုတ်နယ်မြေ ထဲကို ဝင်လာခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။
“လူသားချင်းစာနာမှု၊ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ခင်မင်မှုတို့ကြောင့် စစ်ပွဲရှောင်ဖို့ မြန်မာဘက်ကနေ တရုတ်ဘက်ကို ဝင်လာ သူတွေကို တရုတ်ဘက်က ကောင်းကောင်းမွန် မွန် ပြန်လည်နေရာချထားပေးထားပါတယ်” ဟု ၎င်းက ပြောကြားသည်။
တရုတ်သည် နာမကျန်းသူများနှင့် ဒဏ်ရာရရှိထားသူများကို ကုသပေးရန် ကြိုးပမ်း ဆောင်ရွက်ထားသည်ဟု မော်က ပြောကြား ခဲ့သည်။
“နေရာရွှေ့ပြောင်းလာသူတွေ သူတို့ရဲ့ နေအိမ်တွေကို အမြန်ဆုံးပြန်နိုင်ဖို့၊ ပုံမှန် ထုတ်လုပ်မှု၊ ပုံမှန်ဘဝ၊ ပုံမှန်အလုပ်ပြန်စဖို့ တိုက်ပွဲတွေ မြန်မြန်ရပ်ဖို့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို တရုတ်အစိုးရက တိုက်တွန်းပါ တယ်}” ဟု မော်နင်းက ပြောကြားသည်။
နယ်စပ်ဖြတ်ကျော် ရှောင်ပြေးလာ သူအရေအတွက်ကို မော်နင်းက ပြောကြား ခြင်းမရှိသလို အရေအတွက်မည်မျှ နယ်စပ် ဖြတ်ကျော်လာသသည်ကိုလည်း အတည်ပြု ပြောကြားခြင်းမရှိပေ။
တိုက်ပွဲများတွင် ကလေးများအပါအဝင် အနည်းဆုံးအရပ်သား ၇၄ ဦးသေဆုံးထား ပြီး ၉၄ ဦး ဒဏ်ရာရရှိထားသည်ဟု ကနဦး မြေပြင်သတင်းများကို ကိုးကား၍ လူသားချင်း စာနာမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံ၏ ထုတ်ပြန်ချက်အရသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
